Friday, April 29, 2016

LG G3 Firmware Flashing...

LG G3 Firmware Flashing...

မင်္ဂလာပါဗျာ...
ဒီတစ်တစ်ခါတော့ LG G3 ဖုန်းတွေကို Firmware Flashing လုပ်နည်းကိုပြောပြပေးချင်ပါတယ်။
အရင်ဆုံးလိုအပ်တဲ့ Files များကို အောက်က Link မှာ Download ရယူနိုင်ပါတယ်။
firmware KDZ File
http://www.lgkdz.com/
flash tool
http://oceanhost.eu/mipqojfvv9ti/LG_Flash_Tool_2014.zip.html
driver
http://oceanhost.eu/…/LGUnitedMobileDriver_S51MAN312AP22_ML…
အဆင့် - (၁)
- LG United Mobile Driver ကို ကွန်ပျူတာတွင် Install ပြုလုပ်ပါ။

အဆင့် - (၂)
- Flash Tool zip file ကို ဖြည်ထားပါ။ Download ရယူထားသော LG KDZ Firmware File ကို Zip ဖြည်ထားသော Flash Tool Folder ထဲထည့်ထားပါ။

အဆင့် - (၃)
- LGFlashTool2014 ကို Run ပါ။ Select Type နေရာမှာ CDMA, Phone Mode နေရာမှာ DIAG ကို ရွေးပေးပါ။
- Select KDZ File နေရာမှာ Flash Tool Folder ထဲမှာ ကြိုတင်ထည့်ထားသော KDZ Firmware File ကို ရွေးပေးပါ။

အဆင့် - (၄)
- ဖုန်းကို Power ပိတ် ၊ Vol Up ကို ဖိပြီး ကွန်ပျူတာနဲ့ကြိုးထိုးပါ။ ဖုန်း Screen တွင် Download Mode ဆိုပြီးပေါ်လာမည်။ ခဏအကြာ Firmware update ဆိုပြီး
ပေါ်လာလျှင် Firmware Flashing လုပ်လို့ရပါပြီ။ Flash Tool မှ Normal Flash ကို နှိပ်လိုက်ပါ။ Box တစ်ခုကျလာလျှင် Start ကို နှိပ်ပေးလိုက်ပါ။
 
 နောက်ထပ် Box တစ်ခုပေါ်လာ
လျှင် ဘာမှ မရွေးချယ်ပဲ OK ကို သာနှိပ်ပေးလိုက်ပါ။ 
Box တစ်ခုပေါ်လာပြီး Firmware Flashing စလုပ်ပါလိမ့်မယ်။
 ဖုန်း Screen တွင်100% ပြည့်သွားလျှင် Firmware Flashing လုပ်လို့ပြီးပါပြီ။
အားလုံးအဆင်ပြေကြပါစေ.........။

CREDIT: Myanmarprotech

MI Devices Fastboot Firmware Flashing Guide !

MI Devices Fastboot Firmware Flashing Guide !


ကဲ........ Xiaomi Devices တွေထဲကမှ " MI Phone " တွေက

အခုနောက်ပိုင်း လူကြိုက်များလာတာနဲ့ အမျှ အသုံးပြုသူတွေ ကလိတာပဲဖြစ်ဖြစ်


ကိုယ့်ဘာသာကို ပြုပြင်တာပဲဖြစ်ဖြစ် အခန့် မသင့်ရင် Firmware ပျက်တတ်ပါတယ်


အဲ့လိုပျက်လာတဲ့အခါမှာ တချို့ ဖုန်းတွေမှာတော့ Battery အရှင်ဖြစ်နေတော့ ကိစ္စမရှိပါဘူး


သူနဲ့ သက်ဆိုင်တဲ့ Rom.zip လေးတွေဒေါင်းပြီး SD Card ထဲထည့်ပြီး Recovery mode ကနေ


တင်ယုံပါပဲ Battery အသေဖုန်းတွေမှာ တိုင်ပတ်တာပါပဲ SD Card လည်း စိုက်မရ Zip ဖိုင်ကိုလည်း




ပေးမတင် ဒုက္ခရောက်ကြရော....... ကျွန်တော်ပြောမယ့်နည်းလမ်းလေးကတော့


အဲ့လို Battery အသေဖြစ်ပြီး Internal Storage ပဲပါတဲ့ဖုန်းတွေရေးနည်းလေးပါ


ကျွန်တော်လည်း သူ့ ဆိုက်မှာပြောတဲ့ အတိုင်းလိုက်လုပ်ကြည့်တာ အဆင်မပြေတော့


လိုက်ရှာ လိုက်လုပ်ရင်းနဲ့ တွေ့ ရှိလာတာပါ အားလုံးကို သိစေချင်လို့ ပြန်လည်


ဝေမျှပေးချင်လို့ ပါ :) :)


ကဲ..... အရင်ဆုံး ကိုယ့်ဖုန်းနဲ့ သက်ဆိုင်တဲ့ Fastboot Firmware လေးတွေကို


ဒီလင့်မှာသွားရောက်ကြည့်ရှု့ ဒေါင်းလိုက်ကြပါဗျာ..... >>>>> ( Link ) <<<<<


ပြီးရင် Fastboot ကနေရေးဖို့ အတွက် Tool လေးကို ဒီလင့်မှာဒေါင်းပါ


>>>> ( Fastboot Tool ) <<<< 


ပြီးရင် Flashing Tool ကိုသွင်းပါ ဒီလိုကောင်လေးကိုဖွင့်ပါ ...










ပြီးရင် ကိုယ်ဒေါင်းလာတဲ့ Example : cancro_images_KXDCNBH34.0_4.4_cn_e0a92a2a26.tar 



အဲ့ကောင်လေးကို ဖြည်ပါ ပြီးရင် အထဲမှာ ဖိုင်လေးတဖိုင်ရှိနေပါလိမ့်မယ် အဲ့ကောင်လေးကို


7zip နဲ့ သုံးပြီးထပ်ဖြည်ပေးပါ အဲ့ဒါဆို ဖိုင်တွေထပ်ထွက်လာပါလိမ့်မယ်


ပြီးရင် ခုနက ဖွင့်ထားတဲ့ MiFlash tool က Browse အောက်က Advance ထဲမှာ ရွေးပေးပါ ဒီလိုလေးပေါ့







အဲ့မှာ ထိပ်ဆုံးက flash all except storage.bat ဘေးက browse ထဲကနေ ခုနက ကျွန်တော်တို့ 


ဖြည်ထားတဲ့ 7zip နဲ့ ဖြည်ထားတဲ့ အထဲက flash all.bat ဖိုင်လေးကိုရွေးပြီး OK ကိုနှိပ်ပေးပါ


ပြီးရင် ဖုန်းကို Vol Down နဲ့  Power Button ကိုနှိပ်ပြီး Fastboot Mode ကိုဝင်ပါ ပြီးရင်


ကွန်ပြုတာမှာထိုးပေးပါ


အဲ့ဒါဆို ကွန်ပြုတာမှာ ဒီလိုလေးပေါ်လာပါလိမ့်မယ် မပေါ်ဘူးဆို Refresh ဆိုတာလေးနှိပ်ပေးလိုက်ပါ







ပြီးရင် Browse ဆိုတဲ့ ခလုပ်လေးနှိပ်ပြီး ကိုယ်ဖြည်ထားတဲ့ 7Zip နဲ့ ဖြည်ထားတဲ့ ဖိုဒါလေးရွေးပေးလိုက်ပါ


အဲ့ဒါဆို ကျွန်တော်ပြထားတဲ့အတိုင်းလေးပေါ်လာပါလိမ့်မယ် ပြီးရင်တော့ Flash ဆိုတာလေးနှိပ်လိုက်ပါ


ဒါဆို သူ့ ဟာသူ အကုန်လုံးလုပ်ဆောင်သွားပါလိမ့်မယ် ....အားလုံးပြီးဆုံးသွားရင်တော့


မိမိတို့ ဖုန်းလေးဟာ Fastboot Firmware Flashing ပြီးဆုံးသွားပါပြီ...


စာနည်းနည်းရှည်သွားတာတောင်းပန်ပါတယ် ကျွန်တော်နားလည်သလိုလေးရေးပေးထားပါတယ်


အမှားရင်တောင်းပန်ပါတယ်ဗျာ....... အားလုံးအဆင်ပြေကြပါစေဗျာ....

credit-nyipaing

Xiaomai ဖုန်းများ TwrpCWM မှ Firmware တင်နည်း

Xiaomai ဖုန်းများ TwrpCWM မှ Firmware တင်နည်း

Twrp<or>CWM သွင်းထားတဲ့Xiaomi ဖုန်းများကို Twrp<or>CWM မှ Firmware တင်နည်းကိုဖော်ပြသွားမှာဖြစ်ပါတယ်။ ခုမှစကိုင်တဲ့ User တွေအတွက်ရည်ရွယ်ပါတယ်။ ကျွန်တော့်မှာရှိတဲ့ Redmi Note 4g နဲ့ရှင်းပြမှာဖြစ်ပါတယ်။Twrp<or>CWM  ရဲ့လုပ်ဆောင်ချက်သဘောတရားကတော့ UI သာကွာချင်ကွာသွားပေမယ့် သဘောတရားတွေကတော့ တူတူပါပဲ Version အလိုက်တော့ Function လေးတွေပိုသာသွားမယ်လို့ထင်ပါတယ်။ တစ်ခုသတိပေးချင်တာကတော့ ကျွန်တော်ဟာလဲ သာမာန်User တစ်ယောက်အဖြစ်တဲ့အတွက် ခုလိုရှင်းပြတဲ့နေရာမှာ အမှားတစ်စုံတစ်ရာ ရှိခဲ့ရင်နားလည်ပေးကြပါရန်နှင့် Tutorial သဘောတရား အနေနဲ့သာပြခြင်းဖြစ်တဲ့အတွက်ကြောင့် မိမိစက်တစ်စုံတစ်ခုဖြစ်ပေါ်ခဲ့ပါက ကျွန်တော်နဲ့မသက်ဆိုင်ပါကြောင်းကိုတော့ ကြိုတင်သတိပေးပါတယ်ခင်ဗျာ။ ကဲစလိုက်ရအောင်ဗျာ ပထမဦးဆုံးအနေနဲ့ Twrp<or>CWM mode ကိုအရင်ဝင်ရမှာဖြစ်ပါတယ် Twrp<or>CWM mode ၀င်နည်းပထမနည်းကတော့ mi phone မှာ Updater app လေးပါတာများပါတယ် ရှာလို့တွေ့ရင် ၀င်လိုက်ပါ (about>Check Version ကနေလဲဝင်လို့ရပါတယ်)

Updater ကိုနှိပ်ပါ ညာဘက်အပေါ်ထောင့်မှာ … အစက်လေးသုံးစက်ကိုနှပ်ပါ အောက်ကပုံလို menu လေးတက်လာပါမယ် Reboot to recovery mode ကိုနှိပ်ပါTwrp<or>CWM  mode ထဲရောက်သွားပါမယ်။
ဒုတိယနည်း CWM ကိုဝင်ဖို့အတွက် ပုံမှန်ဆိုရင် ဖုန်းကိုအရင်ဆုံးပါဝါပိတ်ပါ ပါဝါလုံးဝပိတ်သွားပါက Volume Up(+) key ရယ် Power Key ရယ်ကိုတွဲနှိပ်ပေးပါ 5sec လောက်ဆိုရင် mi Logo လေးနဲ့တက်လာပီဆိုတာနဲ့ လွှတ်ပေးလိုက်ပါ တအောင့်ကြရင် အောက်က ပုံထဲကလို CWM mode ထဲကိုရောက်သွားပါလိမ့်မယ် (ဥပမာပုံနော်) အပေါ်အောက်သွားဖို့ကို Volume + ဆိုအပေါ် - ဆိုအောက် Power key ဆို ok လို့မှတ်ယူထားပါ။Touch နဲ့ကမှားထိမိနိုင်ပါတယ် မကျွမ်းကျင်သေးရင်မလုပ်သင့်ပါ။
Firmware အသစ် တင်မှာဖြစ်တဲ့အတွက် ရှိသမျှ data/system file တွေအကုန်လုံးကို wipe&format လုပ်ရမှာဖြစ်ပါတယ်။တစ်ခုချင်းစီလိုက်လုပ်စရာမလိုပါဘူး Wipe&Format ထဲကိုဝင်။ Clean To install a new rom ကိုနှိပ်ပါ။
ခဏလေးနေရင်ရပါပြီ Go Back ကိုနှိပ်ပါ
Install Zip ကိုနှိပ်ပါ
များသောအားဖြင့်မိမိ install လုပ်မယ့် zip File ဟာ External sd မှာပဲထည့်ပီး လုပ်တာများပါတယ်။ မိမိ install လုပ်မယ့် Fileက အောက်ဆုံးမှာပဲရှိတတ်ပါတယ် တွေ့ပီ သေချာပီဆိုရင် Power Key ကိုနှိပ်ပါ။
နောက်ဆုံးအဆင့် သေချာပီဆိုရင် Yes ကိုရွေး Power Key ထပ်နှိပ်ပါ Install လုပ်တာအလွန်ဆုံးသုံးမိနစ်ခန့်သာကြာပါတယ် (ကျွန်တော့်ဖုန်းမှာပါ :D)
အားလုံးပီးသွားရင်တော့ Press any key to continue ကိုနှိပ်ပါ။ Go back ကိုနှိပ်ပါ Reboot လုပ်ပါ။ Firmware တင်ပြီးပထမဦးဆုံးတစ်ခေါက်မှာ 3မိနစ်ကလေ 7မိနစ်အထိကြာနိုင်ပါတယ် စိတ်ရှည်ရှည်နဲ့စောင့်ကြည့်ပါ 10မိနစ်ကျော်တဲ့အထိ Logo ကနေဆက်မသွားဘူးဆိုရင်တော့ Battery ကိုဖြုတ် ခဏနေမှပြန်တတ် ပြန်ဖွင့် ဒါမှဘာမှမထူးဘူးဆိုရင်တော့ Firmware တင်တဲ့နေရာမှာ File မှားနေတာ(or) မိမိဖုန်းနဲ့မသင့်တော်တဲ့ File ကိုရွေးမိသွားပီဖြစ်ပါတယ်။ အဲ့လိုမဟုတ်ပဲ ဖုန်းလေးက တုန်လာမယ် Button Light လေးတွေလင်းလာမယ် ဆိုရင်တော့ ဟဲဟဲ အောင်မြင်စွာပီးဆုံးသွားပီဖြစ်ပါတယ်။ မိတ်ဆွေတို့အတွက် တစ်စုံတစ်ခုလောက်တော့ အသုံးဝင်မယ်ထင်ပါတယ်
P.H.K