Saturday, February 20, 2016

Huawei FET Charging [ ကိုစိုးမြတ်သူ ]

Huawei FET Charging [ ကိုစိုးမြတ်သူ ]


Huawei FET Charging
Q201 FET ဟာ P-Channel FET ဖြစ်တဲ့အတွက် အလုပ်လုပ်ဖို့ (Gate ပွင့်ဖို့) အတွက်
Gate Signal (Voltage) က 0V လိုအပ်ပါတယ် ဆိုလိုတာက FET အလုပ်မလုပ်ခင် Gate (G) ငုတ်မှာ ဗို့အားတခုခုရှိနေပြီး အဲဒီဗို့အားကို Ground (0V) ချလိုက်မှ Gate ပွင့်မှာ ဖြစ်ပါတယ်
Gate ပွင့်မှာသာ Drain (D) နဲ့ Source (S) ငုတ်နှစ်ငုတ် ပူးမိ (Short) ကျသွားမှာဖြစ်ပါတယ် Power မနိုးမီ Standby အခြေအနေကို ကြည့်ရင် Battery + ငုတ်ကလာတဲ့ VBat 3.7V (အပေါင်းဗို့) ဟာ FET ရဲ့ D ငုတ်ကို ပေးထားပါတယ် အဲဒီ D မှာရောက်နေတဲ့ အပေါင်းဗို့ဟာ FET ထဲမှာပါတဲ့ Diode ကို ဖြတ်စီးပီး S ငုတ်မှာ VPH_PWR အဖြစ် ပြန်ထွက်လာပါတယ်
Diode ရဲ့ ခုခံမှု (resistence) ကြောင့် (0.3V) ခန့် လျော့နဲပြီး S ငုတ်မှာ 3.4V ခန့် ရောက်လာပါတယ် အဲဒီအခြေအနေမှာ G ငုတ်မှာ ဗို့အားတခုခု (3.7V ခန့်) ရှိနေတာကြောင့်
FET Gate မပွင့်သေးပါဘူး D နဲ့ S လဲ မပူးသေးပါဘူး Power နှိုးလိုက်တဲ့အချိန်မှာ PMU ကနေ FET Gate ငုတ်ကို BAT_FET_N (Gate Signal 0V) ထုတ်ပေးလိုက်တော့
FET Gate ပွင့်ပြီး D နဲ့ S ပူးသွားပါတယ် အဲဒါကြောင့် D မှာ ရှိနေတဲ့ ဗို့အတိုင်း S မှာလဲ ရောက်သွားပါတယ် ဆိုလိုတာက VBat နဲ့ VPH_PWR လမ်းကြောင်းနှစ်ခု ဗို့အား အတူတူ ဖြစ်သွားကြပြီး PMU မှ သက်ဆိုင်ရာ လမ်းကြောင်းအသီးသီးကို ဗို့အား စတင် ထုတ်ပေးလိုက်ပါတယ် Power နှိုးထားပြီး Charging ခေါင်း ထိုးလိုက်တဲ့အချိန်မှာ သက်ဆိုင်ရာ BSI လမ်းကြောင်းတွေနဲ့ Battery မှာ အားသွင်းဖို့ လို/မလို စစ်ဆေးပါမယ် အားသွင်းဖို့ လိုရင် PMU မှ Gate Signal ဆက်လက်ထုတ်ပေးထားတဲ့အတွက် S မှာ ရှိနေတဲ့ VCHG လမ်းကြောင်းဟာ D ငုတ်က တဆင့် အားသွင်းပေးပါတယ် အားပြည့်ပြီဆိုရင်တော့ Gate Signal ပိတ်လိုက်တဲ့အခါ D နဲ့ S မပူးတော့လို့ အားသွင်းခြင်းဟာလဲ ရပ်ဆိုင်းသွားပါတယ် အဲဒါနေရာမှာ မေးစရာတခု ရှိလာတာက D နဲ့ S မပူးတော့ဘူးဆိုရင် PMU အတွက် VBat ဘယ်က ရသလဲဆိုတာပါ အဲဒီဗို့ကို Charging လမ်းကြောင်းကပဲ လျှော့ချယူထားပါတယ် အဲဒါကြောင့် တချို့ဖုန်းတွေမှာ Battery တပ်မထားလဲ Charging ကြိုးထိုးလိုက်ရင် Power နိုးနေနိုင်ပါတယ် အကြောင်းတခုခုကြောင့် FET (AC9 အပါအဝင်) ပျက်လာတဲ့အခါ D နဲ့ S ကို ကြိုးပူးပေးလိုက်ရင် Power နှိုးရာမှာ အရေးမကြီးပေမယ့် Charging သွင်းတဲ့အခါ အားအမြဲသွင်းနေမှာဖြစ်လို့ Battery ဖေါင်းလာပြီး ပျက်သွားတတ်ပါတယ်ခင်ဗျားးး
Author:ကိုစိုးမြတ်သူ

No comments:

Post a Comment