Wednesday, September 2, 2015

မဂ်လာပါခင်ဗျား အွန်လိုင်းပေါ်မှာနည်းပညာမတင်ရတာကြာရောပေါ့ ကဲဗျာ ကြုံလာတယ့်အခတ်အခဲလေးတွေရှိရင်ဖြည်ရှင်းနိုင်စေရန် နဲ့ ခုမှစတင်နည်းပညာလေ့လာနေတယ့်သူတွေအတွက်ပညာရအကြိုးရှိမယ် ထင်လို့ တစ်ဒေါင့်တစ်နေရာကနေပြီး ပါရမီဖြည့်ပေးလိုက်ပါတယ်ခင်ဗျား... စလိုက်ရအောင်ဗျာ....မနေ့ က G 730 U 00 လေးတစ်လုံးရောက်လာလေရဲ့ ဗျာ လာတယ့် Error ကတော့ေ၇၀င်ရှော့ကျပေါ့ဗျာ လက်ခံထားပြီး ဒီနေ့ သင်တန်း အပြီးရတယ့်အချိန်လေးမှာပြင်မယ်ပေါ့ဗျာ ရေ၀င်ဆိုတော့ စပေါင်းရတာပေါ့ဗျာ ပေါင်းပြီး Supply ချိတ်တော့လည်းတစ်တီတီနဲ့ ဆိုတော့ Supply ကို ဗို့ ဖြည်းဖြည်း ချင်းရှော့ပြီး ပူတယ့်နေရာလိုက်ရှာတော့ ချာဂျာ အိုင်စီဘေးနားက C လေးတစ်လုံးပူနေတာတွေ့  တာနဲ့  ဟဟ ဘယ်ပြောကောင်းမလဲ ရှော့လွတ်သွားလေရဲ့ ဗျာ ပျော်ထှာ Supply ချိတ်စက်နှိုးလိုက် တာအားရပါးရ ပါဝါတတ်မလာဘူးဗျာ...ဟူး...စပြီးခေါင်းကိုက်ရပြီပေါ့ဗျာ..ဘယ်ကနေစလိုက်ရရင်ကောင်းမလဲလို့ စဉ်းစား ရပြီပေါ့ဗျာ..ပထမဦးဆုံးစဉ်းစားမိတာကတော့ ဖုံးတစ်လုံးဟာရှော့လွတ်သွားရင်ဗို့ ရောက်ရမှာဘဲလို့ စဉ်းစားမိတယ်.. တစ်ဆက်တည်းမှာဘဲ တစ်ခေါက်က G 730 U 00 တစ်လုံး မှန်လဲဘို့ ရောက်လာဘူးတယ် မှန်လဲဘို့ အတွက်ကျွန်တော် ပိုင်ရှင်ဆီက ၃ ရက်အချိန်တောင်းခဲ့ ဘူးတယ် မှန်လဲတာအဲ့လောက်ကြာတယ်ဆိုပြီး ဆရာကြီးတွေကတော့ ကျွန်တော့်ကို ရယ်ကြမှာဘဲ ကျွန်တော့်ရဲ့ အကျင့်တစ်ခုပေါ့ဗျာ ဖုန်းတစ်လုံးလာရင် ပြင်ပြီးပြီးရော ပိုက်ပိုက်ရတယ်ဆိုပြီးမပေးတတ်ဘူးဗျ အဲ့ဒီဖုန်းကိုပြင်ပြီးလို့ ကောင်းသွားရင် ဘယ်အပိုင်းဟာဘယ်လောက် ဗို့ ရှိနေလဲဆိုတာအမြဲတန်းတိုင်းပြီးမှတ်ထားလေ့ရှိတယ်ဗျ နောက်တစ်ခေါက်အဲ့ဒီ ဖုန်းအမျိုးအစားတူပြင်ဘို့လာရင်ဘယ်နားဘယ် ဗို့  ရှိလဲဆိုတာကျွန်တော်တန်းသိတာပေါ့ဗျာ ပြင်ရတယ့်နေ ရာမှာလဲ အလွန်လွယ်ကူစေတယ်ခင်ဗျ...ကဲပြီးတော့ ဗို့ တိုင်းတာပေါ့ဗျာ ချာဂျာ အိုင်စီနားက C နှစ်လုံးနဲ့  ချာဂျာအိုင်စီရဲ့ ဗို့ တွေဟာ စက်မနှိုးမှီအရင် 3.7 ချာဂျာအိုင်စီရဲ့ ခြေထောက်(၆)ပင်မှာ(၅)ပင်ဗို့ ရှိပြီးတစ်ပင်ဂရောင်းဖြစ်ရမယ် ချာဂျာအိုင်စီရဲ့ အပေါ်က D လေးက 3.7 ဗို့ ရှိရမယ် စက်ပြားရဲ့ တစ်ခြားတစ်ဘက်မှာရှိတယ် R200 3.7 ဗို့ ရှိရမယ် D ကြီးက 3.7 ဗို့ ရှိရမယ် ခြေထောက်ခြောက်ချောင်းနဲ့  T လေးက (၆)ပင်မှာ(၅)ပင် ဗို့ ရှိရမယ် အဲ့ဒီထဲမှာမှ (၁)ပင်ကဂရောင်း (၄)ပင်က 3.7 (၁)ပင်က 3.2 ရှိရမယ်ဗျ ....ဟူး....လိုက်စစ်ပြီးလဲပေးလိုက်တာ..OK.. ပေါ့ဗျာ... အားလုံးအောင်မြင်ကြပါစေ Lucky Mobile( ဦးစိုးနိုင်)