Wednesday, February 10, 2016

Huawei G730 U00 ဖုန်းရဲ့ အားသွင်းလမ်းကြောင်းအလုပ်လုပ်ပုံပါ

Huawei G730 U00 ဖုန်းရဲ့ အားသွင်းလမ်းကြောင်းအလုပ်လုပ်ပုံပါ
Sayar Ko Soe Myat Thu
ဒီတမျိုးကို နားလည်သွားရင် တခြား MTK ဖုန်းတွေကို နားလည်နိုင်ပါလိမ့်မယ်။
USB ခေါင်း (J902) ကို အားသွင်းကြိုးတတ်လိုက်တဲ့အခါ
ပင်နံပါတ် (1) ကတဆင့် VBUS (VCHG အားသွင်းဗို့လမ်းကြောင်း) မှာ 5V စတင်ဝင်ရောက်လာပါတယ်။
၎င်းလမ်းကြောင်းကို VCHG အဖြစ် ခလုတ်အပိတ်အဖွင့်လုပ်ပေးတဲ့ FET Q903 ရဲ့ Source ငုတ်ကို ပေးသွင်းလိုက်ပါတယ်။
Ground နဲ့ ဆက်ထားတဲ့ R903 ကြောင့် Gate ငုတ်မှာ အနှုတ်ဗို့ (0) ရောက်ရှိနေပြီး FET ရဲ့ Gate ပွင့်သွားပါတယ်။
Gate ပွင့်သွားတဲ့အတွက် Source မှာ ရောက်နေတဲ့ VCHG 5V ဟာ Drain ငုတ်ကတဆင့် VBUS အဖြစ် ပြန်ထွက်လာပါတယ်။
Source ငုတ်မှာ 5V ရှိနေပြီး Drain ငုတ်မှာ 5V ထွက်မလာတော့ရင် ...
(1) FET ကောင်းမကောင်း စစ်ပါ။
(၂) FET ကို အနှုတ်ဗို့ဖြင့် Gate ဖွင့်ပေးသော R903 လွတ်မလွတ် ကောင်းမကောင်းစစ်ပါ။
FET ရဲ့ Drain မှထွက်လာတဲ့ VBUS 5V ဟာ လမ်းကြောင်း (၃) ကြောင်း ခွဲထွက်သွားပါတယ်။
(၁) R906 နဲ့ R907 နှစ်လုံးကို voltage divider အဖြစ် အသုံးချပြီး
အားသွင်းအချက်ပြ (VCDT- Charging Volt Detect) လမ်းကြောင်းအဖြစ် PMU (U201) ကို ပေးသွင်းလိုက်ပါတယ်။
U201 မှာ VCDT (0.6V) ခန့်ရောက်လာရင် PMU မှ အားသွင်းဗို့ရောက်ရှိကြောင်း သိသွားပြီး
CHR_LDO (Charging Low Drop Output) လမ်းကြောင်းအဖြစ် 2.8V ပြန်ထုတ်ပေးပါတယ်။
2.8V ကို ဗို့တည်ငြိမ်အောင် ထုတ်ပေးပြီး Q901 N Channel FET အတွက်
အပေါင်းဂိတ်ဖွင့်အချက်ပြ (postive gate on signal) အဖြစ် ပို့ပေးပြီး Gate ဖွင့်ပေးပါတယ်။
(အကယ်၍ အားသွင်းပုံ (မိုးကြိုးသွား) မပြခဲ့ရင် VCDT လမ်းကြောင်းမှာရှိနေတဲ့ R နှစ်လုံးနဲ့
PMU ကို စစ်ဆေးပေးရပါမယ်။)
(၂) R908 ကို ဗို့လျော့ (voltage dropper) အဖြစ်အသုံးပြုပြီး Q901 FET ကို Gate ဖွင့်ပေးပါတယ်။
အားသွင်းလမ်းကြောင်းမှာ ဗို့အားအတက်အကျဖြစ်ခဲ့ရင် Q901 မပျက်စီးစေဖို့အတွက်
PMU မှ CHR_LDO လမ်းကြောင်းနဲ့ 2.8V မှာ တသမတ်ထဲရှိအောင် ချိန်ညှိပြီး ထိန်းထားပေးပါတယ်။
(၃) အားသွင်း Linear Transistor ဖြစ်တဲ့ Q302 ရဲ့ ပင်နံပါတ် (၄) Emitter မှာ
အားသွင်းဗို့လမ်းကြောင်းအဖြစ် ပေးသွင်းထားပါတယ်။
Q302 မှာ ရောက်နေတဲ့ VBUS 5V ဟာ ပင်နံပါတ် ( ၁ ၂ ၅ ၆ ) ဖြစ်တဲ့ Collector ကတဆင့်
အားသွင်းဗို့အဖြစ် 4.2V ဝန်းကျင် ပြန်ထွက်လာပါတယ်။
(အားသွင်းပုံပြပြီး အားမဝင်ခဲ့ရင် R909 မှာ 4.2V ရှိမရှိ တိုင်းကြည့်ပါ။
မရှိရင် Q302 ရဲ့ ပင်နံပါတ် (၄) မှာ 5V ရှိမရှိစစ်ပါ 5V ရှိနေရင် Q302 အသစ်လဲစမ်းပါ)
အားသွင်းခေါင်းတတ်လိုက်ရင် PMU မှ Battery Volt ကို စတင်စစ်ဆေးပါတယ်။
Battery တတ်မထားခဲ့ရင် Q302 ရဲ့ Collector ကတဆင့် အားသွင်းဗို့လမ်းကြောင်းဟာ
R909 (0.2R) ကိုဖြတ်သန်းပြီး VBAT လမ်းကြောင်းကို ရောက်ရှိလာပါတယ်။
FET Q902 (AC9) ရဲ့ Drian မှာ ရောက်ရှိလာတဲ့ VBAT လမ်းကြောင်းဟာ Gate မှာရှိနေတဲ့ R901 ကြောင့်
Gate ပွင့်နေပြီး Source ကတဆင့် BATT အဖြစ် Battery အပေါင်းငုတ်ကို ရောက်ရှိသွားပါတယ်။
Battery တတ်ထားရင်တော့ Battery ဗို့လမ်းကြောင်းဟာ FET Q902 ကိုဖြတ်သန်းပြီး VBAT လမ်းကြောင်းအဖြစ်
R909 (0.2R) ရဲ့ အစွန်းတဖက်ကို ရောက်ရှိသွားပါတယ်။
R909 ရဲ့ တဖက်အစွန်းမှာ Q302 ကထုတ်ပေးတဲ့ အားသွင်းဗို့လမ်းကြောင်း ရှိနေပါတယ်။
အဲ့ဒီ အစွန်းနှစ်ခုမှာရှိနေတဲ့ မတူညီတဲ့ ဗို့အားနှစ်ခုရဲ့ခြားနားခြင်းကို Differential line အဖြစ်
ISENSE (Current Sensor) အာရုံခံပြီး PMU (U201) ကို ပို့ပေးရပါတယ်။
ရောက်လာတဲ့ ISENSE ကိုမူတည်ပြီး အားသွင်းတဲ့ လျှပ်စီးကြောင်းအနည်းအများ (current) ကိုချိန်ညှိပေးပါတယ်။
(အားသွင်းပုံပြပြီး အားမဝင်ခြင်း အားသွင်းမမှန်ခြင်း Battery ရာခိုင်နှုန်းမမှန်ခြင်းဖြစ်ပါက R909 ကို စစ်ဆေးပါ။)
အားသွင်းကြိုး ဆွဲဖြုတ်လိုက်ပါ (Please plug out your chager) ဆိုတဲ့ သတိပေးစာတန်းတက်လာပါက
Battery ကောင်းမကောင်း စစ်ပါ။
Battery ငုတ် (connector) ကောင်းမကောင်း မိမမိ စစ်ပါ။
Battery ရဲ့ အလယ်နှစ်ငုတ်ဖြစ်တဲ့ BSI (Battery ID) နဲ့ BT (Battery Temparature) လမ်းကြောင်း၊
သူတို့လမ်းကြောင်းတလျှောက်မှာရှိနေတဲ့ တန်ဖိုးပြောင်း ရီစစ္စတာ RV (Variable Resistor)၊ Resistor နှင့်
Condenser များကို အဓိက စစ်ပါ။ တခါတရံ ESD အဖြစ်အသုံးပြုထားတဲ့ TVS Diode များကြောင့်လဲ ဖြစ်တတ်ပါတယ်။
Battery Temparature is too low / too high ပြနေခဲ့ရင်လည်း အထက်ပါ လမ်းကြောင်းများကို စစ်ဆေးပါ။
MTK ဖုန်းအများစုဟာ Battery တတ်ထားမှ ပါဝါနှိုးခြင်း၊ အားသွင်းခြင်းတို့မှာ အဆင်ပြေတတ်ပါတယ်။
အသုံးပြုထားတဲ့ MTK PMU အများစုဟာ Battery ရဲ့ BSI နဲ့ BT ငုတ်နှစ်ငုတ် အလုပ်လုပ်မလုပ်ကို စောင့်ကြည့်နေလို့ပါ။
ပါဝါတက်လာပြီး UI (User Interface) ရောက်လို့ lock ဆွဲလိုက်တဲ့အချိန်မှာ
ပါဝါပြန်ကျသွားတတ်တာမျိုးဟာ Battery ရဲ့ အလယ်ငုတ်လမ်းကြောင်းများကြောင့် ဖြစ်တတ်ပါတယ်။
MTK ဖုန်းတွေ အားမဝင်လို့ ပြင်တော့မယ်ဆိုရင်
ဖုန်းကို အဖုံးမဖွင့်ခင် Battery မတတ်ပဲ အားသွင်းခေါင်းထိုးပြီး
Battery ငုတ်မှာ ဗို့တိုင်းကြည့်ပါ။ 4.2V ဝန်းကျင်ထွက်နေရင် အားသွင်းပိုင်းကောင်းတယ်လို့
အကြမ်းဖျင်းပြောနိုင်ပြီး Battery နဲ့ သူ့လမ်းကြောင်းများကို စစ်ဆေးပါ။
Power Supply မှာ 5V ထားပါ။ Supply ကြိုးမှာပါတဲ့ USB အမခေါင်းမှာ
အားသွင်းကြိုးတတ်ပြီး ဖုန်းကို အားသွင်းကြည့်ပါ။
Amp တက်လာရင် အားသွင်းခေါင်းကောင်းနေပြီး
လုံးဝတက်မလာရင် အားသွင်းခေါင်း လွတ်နေ ပျက်နေတတ်ပါတယ်။Amp နည်းနည်းပဲတက်ရင် အားသွင်းပိုင်းကောင်းနိုင်ပြီး Battery နဲ့ သူ့လမ်းကြောင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ပုံမှန်ကောင်းတဲ့ဖုန်းမှာ အားဝင်တယ်ဆိုရင် 0.5A ဝန်းကျင် တက်ပါတယ်။
Amp အဆုံးထိ ထောင်တက်သွားရင် အားသွင်းလမ်းကြောင်းမှာ ရှော့ ရှိတတ်ပါတယ်။
အားသွင်းလမ်းကြောင်းမှာ ရှိနေတဲ့ Components နဲ့ PMU များကောင်းနေပြီး အားမဝင်ခဲ့ရင်
Factory reset ချခြင်း၊ Firmware အသစ်ပြန်ရေးခြင်းများဖြင့် စမ်းသပ်နိုင်ပါတယ် လို့
Service Manual ထဲမှာ ရေးထားတာကို ဖေါက်သည်ချလိုက်ရပါကြောင်း ..............
ပုံအကြည် နဲ့ စာအတွက် အောက်ကလင့်မှာ ဒေါင်းပါခင်ဗျ ...
http://pc.cd/yU5rtalK
http://pc.cd/TFpctalK
   Credit -Sayar Ko Soe Myat Thu
Mobile Hardware Training
09400449094 09976372266
Ko Soe Myat Thu

1 comment: