Monday, February 29, 2016

Short Circuit Repair (Sayar Nay La)

Short Circuit Repair (Sayar Nay La)
(ရှော့ကျပြီးပါဝါမနိုးသောဖုန်းတစ်လုံးအားပြုပြင်နည်း)

သင်္ကြန်နားနီးလာပြီဆိုတော့ Service သမားအများစုကြုံတွေရမှာကတော့ ရေ၀င်ပြီးရှော့ကျနေတဲ့NoPower အလုံးလေးတွေအတွက်ပြုပြင်နည်းလေးကိုရေးပေးမယ်စိတ်ကူးပေါ်လာတာကတစ်ကြောင်းအရင်တစ်ခါရေးထားတာကလဲ တစ်ဝက်တစ်ပျက်ကြီးဆိုတော့ ထပ်ရေးချင်တာနဲ့ရေးမိသွားတာပါ။မိုဘိုင်းဖုန်းတစ်လုံး ရှော့ကျ နေတဲ့ အခြေအနေ မှာ ရှော့ကျတဲ့ နေရာပေါ်မူတည်ပြီး တစ်ချို့ အလုံးတွေမှာ Power လာပြီးပုံမှန် အသုံးပြုလို့ရတဲ့ အနေအထားမျိုးရှိနေသော်လဲ ဖုန်း က သာမန်တက် အပူချိန်ပိုပူလာမယ် Battery ကိုအကုန်မြန်လာတတ်မယ် ဆင်းကတ် ကိုမသိတော့တာ တို့ Touch ဆွဲမရတော့တာတို့လို တစ်မျိုးမဟုတ်တစ်မျိုးမျိုး ပြစ်ချက်များဖြစ်တတ်သလို တစ်ချို့ အလုံးတွေမှာတော့ Power ပါမလာတော့တဲ့ အနေအထားမျိုးကြုံတွေ့ ရတတ်ပါတယ်။ အခုပြောပြမဲ့ အကြောင်းအရာကတော့ ရှော့ကျပြီး Power မလာတော့တဲ့ ပြစ်ချက်ကို ပြုပြင်နည်းလေးပါ။ မိုဘိုင်းဖုန်းတွေမှာရှောကျ တဲ့ အနေအထားကို လေ့လာကြည့်တဲ့ အခါမှာ( Stand-by Short ) ပါဝါခလုပ်မနှိပ်ခင် ဆားကစ်ပြားပေါ်တွင် ဗို့ရောက်ရမည့် နေရာများ၏တစ်နေရာရာတွင်ဖြစ်စေ တစ်နေရာထက်ပိုသောနေရာများတွင်ဖြစ်စေ ရှော့ကျနေခြင်း နှင့်( Running Short ) ပါဝါခလုပ် နှိပ်ခါမှ ဆားကစ်ပြားပေါ်သို့ ဗို့ ရောက်ရှိရမည့် နေရာများ၏တစ်နေရာရာတွင်ဖြစ်စေ တစ်နေရာထက်ပိုသောနေရာများတွင်ဖြစ်စေ ရှော့ကျပြီး ပါဝါ မနှိုးသောအခြေအနေ ဟုအကြမ်းခွဲခြားနှိုင်ပါတယ်။ ထိုအခြေ နှစ်မျိုးကို ခွဲခြားနည်းကတော့ မိမိစစ်ဆေးမည့် ဖုန်းအား Power Supply ဖြင့် ချိတ်ကြည့် ပါက ပါဝါခလုပ်မနှိပ်ခင်အခြေအနေတွင် ပုံမှန်မဟုတ်သော Amper ဆွဲနေလျှင် ( သို့) Power Supply မှာ တတီတီ မြည်နေလျှင် Stand-by Short ဟုသတ်မှတ်ပြီး ပါဝါခလုပ်နှိပ် ခါမှ ပုံမှန်မဟုတ်သော ပုံမှန်မဟုတ်သော Amper ဆွဲနေလျှင် ( သို့) Power Supply မှာ တတီတီ မြည်နေလျှင် Running Short ဟုသတ်မှတ်ပါမယ်……….
Stand-by Short ပါဝါခလုပ်မနှိပ်ခင် ဆားကစ်ပြားပေါ်တွင် ဗို့ရောက်ရမည့် နေရာများ၏တစ်နေရာရာတွင်ဖြစ်စေ တစ်နေရာထက်ပိုသောနေရာများတွင်ဖြစ်စေ ရှော့ကျနေခြင်း
ဖုန်းအား Power Supply ဖြင့် ချိတ်ကြည့် ပါက ပါဝါခလုပ်မနှိပ်ခင်အခြေအနေတွင် ပုံမှန်မဟုတ်သော Amper ဆွဲနေလျှင် ( သို့) Power Supply မှာ တတီတီ မြည်နေတဲ့ Stand-by Short ပြစ်ချက်လေးကိုလိုက်နည်းလေးပေါ့ဗျာဒီပြစ်ချက်လေးကိုဘယ်လိုလိုက်ရမလဲ ဆိုတာ Huawei C8813 လေးကို အခြေခံ ပြီး ပြောပြပေးပါမယ် ။ C8813 လေးကိုလေ့လာကြည့်တဲ့ အခါမှာ Supply ချိတ်ပြီး Power Switch မနှိပ်ခင်မှာ ကို ဆားကစ်ပြားရဲ့ နေရာ တော်များများ ကို VBAT ( 6 နေရာဝန်းကျင် ) ၊ VPH-PWR ( 12 နေရာဝန်းကျင် ) လောက်ရောက်နေတာတွေ့ ရပါတယ်၊ အဲတော့ Supply ချိတ်လိုက်တာနဲ့ အမ်ပီယာဆွဲ ပြီး တတီတီ မြည်နေတဲ့ပြစ်ချက်ဟာ အပေါ်မှာ ပြောထားတဲ့ နှစ်ခုပေါင်း ( 18 ) နေရာထဲက တစ်နေရာရာ ဒါမှမဟုတ် အဲလမ်းကြောင်းပေါ်က ကွန်ပို့နစ် လေးတွေ တစ်ခုခုပျက်စီးယိုယွင်းနေတာကြောင့်လဲ ဖြစ်နှိုင်တာပေါ့နော်။ဒါဆိုရင် ကျွန်တော်တို့ လိုက်ရမဲ့ နေရာတွေကနည်းနည်းများနေတော့ VBAT & VPH-PWR လမ်းကြောင်းနှစ်ခုထဲက ဖြစ်နှိုင်တဲ့ လမ်းကြောင်းတစ်ခုကို ရွှေးထုတ်နှိုင်ရင် အပြစ်လိုက်ရတာ နည်းနည်း ပိုအဆင်ပြေမှာပေါ့နော်……ကဲဗျာခွဲကြည့်လိုက်ရအောင်အရင်ဆုံး VBAT လမ်းကြောင်းကို လေ့လာကြည့်ရအောင် အဲကောင်က Battery ရဲ့ အပေါင်းလမ်းကြောင်းကနေ FET ရဲ့ Drain ဆိုတဲ့ ပင်ရယ် U201 ဆိုတဲ့ PMU ထဲကို တိုက်ရိုက်ဝင်သလို PA တို့ RF တို့ လို နေရာတွေကိုလဲ တိုက်ရိုက် သွားတာကိုတွေရပါတယ် အဲတော့ ရှော့ကျပြီးအမ်ပီယာဆွဲနေတဲ့ အလုံးကို FET လေး ဖြုတ်ကြည့်လိုက်လို့ မှ ရှော့မပျောက်သေးဘူးဆိုရင် အရင်ဆွဲနေတဲ့ အမ်ပီယာ အတိုင်းဆိုရင် VBAT လမ်းကြောင်း နဲ့ ပါဝါအိုင်စီ ဖြစ်ဘို့ များတာပေါ့နော် ရှော့လွတ်သွားတယ် ဒါမှမဟုတ် အမ်ပီယာအဆွဲ နည်းသွားတယ်ဆိုရင်တော့ VPH-PWR လမ်းကြောင်းပေါ့နော် အဲမှာ VPH-PWR လမ်းကြောင်းက FET ရှဲ့Source ဆိုတဲ့ပင်ကနေ PMU ထဲကို ( 17 ) နေရာဝင်သလိုဆားကစ်ပြားရဲ့ နေရာတော်တော်များများ ကိုလဲသွားထားလေတော့ PMU မှာရှော့ကျတာလားတစ်ခြားနေရာတွေကလားသိချင်ရင် PMU ခဏဖြုတ်ပြီး FET ရဲ့ Source ကနေဗို့လေးကျွေးကြည့်ပေါ့ အမ်ပီယာဆွဲနေသေးရင် တော့ VPH-PWR လမ်းကြောင်းကိုလိုက်ပေတော့ပေါ့နော် အမ်ပီယာမဆွဲတော့ဘူးဆိုရင်တော့ PMU ကြီးပေါ့လို့ ထင်တာဘဲ ဒါကြောင့် Short Circuit ပြစ်ချက်လေးကို ပြုပြင်မဲ့ Service သမားတစ်ယောက်ဟာလိုအပ်ရင် PMU လောက်တော့ အဖြုတ်အတပ်လုပ်နှိုင်ရပါမယ်…..ဒါက Battery ကနေလာတဲ့ လမ်းကြောင်းမှာ FET ကို ခလုပ်တစ်ခုသဖွယ် အသုံးပြုထားတဲ့ အမျိုးအစားတွေမှာ အဆင်ပြေပေမဲ့ FET ကို PMU ထဲမှာ ထည့်တည်ဆောက်ထားတဲ့ အမျိုးအစားမျိုးတွေ အတွက်ကျတော့ အပေါ်မှာပြောပြထားတဲ့ နည်းနဲက သိပ်အဆင်မပြေပြန်ဘူးဗျ ။ ဒီတော့ အဆင်ပြေမဲ့ နည်းကို စဉ်းစားကြည့် တာက Circuit ပြားပေါ်ကို VBAT & VPH-PWR ရောက်တတ်တဲ့ နေရာလေးတွေ ကို အကြမ်းဖျင်း သိထားမယ်ဆိုပိုအဆင်ပြေတာပေါ့နော် …. မသိရင်ရော မရဘူးလားလို့ မေးလာရင် တော့ ရပါတယ်လို့ ပြန်ပြောရပါမယ် ဘယ်လိုရမလဲ ဆိုတာတော့ ဆက်ဖတ်ကြည့်ပါလို့ ခိခိ…ကဲစလိုက်ရအောင်နော် FET မပါဘဲ ရှောကျနေတဲ့ဖုန်းလေးတစ်လုံးကို Supply နဲ့ချိတ်ပြီးစမ်းပြီဆိုရင် သိထားရမှာက Battery ကနေ လာတဲ့ BAT ဆိုတဲ့ လမ်းကြောင်းဟာ PMU ထဲကို သွားသလို ဆားကစ်ပြားရဲ့ နေရာတစ်ချို့ ကိုလဲ သွားတယ်လို့ အပေါ်မှာပြောခဲ့ပါပြီ မတူတာကတော့ VPH-PWR ဆိုတဲ့ လမ်းကြောင်းလေးကတော့ PMU ထဲကနေ ပြန်ထွက်လာမှာဖြစ်တဲ့ အတွက် FET လေးအပြင်မှာပါသလို ကြီုးလေးထုတ်ပြီး V ကျွေးပြီး ရှာလို့ အဆင်မပြေတဲ့ သလို Battery Socket ကနေ V ကျွေးပြီးရှာပြန်ရင်လဲ PMU ထဲကနေ ဖြတ်ဆီးသွားတဲ့ Current ပေါ်မူတည်ပြီး PMU ပူလာတတ်သလို သူကိုယ်တိုင်ကပျက်စီးနေလို့လဲပူလာတတ်တဲ့ အတွက်ကြောင့်ထပ်မံခွဲခြမ်းစိတ်ဖြာရပါတယ် ။အလွယ်ကူဆုံးကတော့ PMU ကို ခဏဖြုတ်ပြီး Supply ချိတ်ကြည့်လို့ ရှော့ရှိနေတယ်ဆိုရင် PMU & BAT လမ်းကြောင်းတစ်ခုခုပေါ့ဗျာ အဲအဆင့်မှာ ပိုကြိမ်းသေချင်တယ်ဆိုရင်တော့ PMU ဖြုတ်ထားတဲ့ အခြေအနေမှာ VBAT ဗို့ ရောက်ရမဲ့ နေရာထဲက တစ်နေရာရာကို ဗို့ကျွေးကြည့်ပြီး Amp တက်နေသေးရင် VBAT လမ်းကြောင်းလို့ ယူဆပြီးမတက်ရင် PMU & VPH-PWR လမ်းကြောင်းလို့ ကြည့်ပြီး ဆုံးဖြတ်နှိုင်ပါတယ် ဟာဗျာVPH-PWR ဆိုတာကြီးက ထပ်ပါလာပြန်ပြီ ပညာရှင်ပေါင်းများစွာစုပြီး ထုတ်ထားတဲ့ နည်းပညာမြင့်ပစ္စည်းလေဗျာ ဒီလောက်တော့ ရှိမှာပေါ့ နည်းသိရင်တော့ ရပါတယ်ဗျာ PMU ကလဲ ဖြုတ်ထားတယ် ခင်ဗျားမှာ သူနဲ့ ပတ်သက်တဲ့ Diagram တွေ IC Pin Output တွေ ရှိမယ် ကြည့်လဲ ကြည့်တတ်တယ်ဆိုရင် ဆားကစ်ပြားပေါ်က အိုင်စီ ပင် တွေမှာ VBAT အ၀င်ပင်နဲ့ VPH-PWR ပင်ကို ရှာပြီ ခဏ ဆက်ပေးပြီး Battery Socket ကနေ Supply နဲ့ ဗို့ကျွေးပြီး ရှော့ ရှာပေတော့နော်…..အဲ့ဒါမှ ခုက္ခဗျာ ကျွန်တော်ဆီမှာ Diagram လဲ မရှိ ဖတ်လဲ မဖတ်တတ်ဘူးဗျ ဘယ်လိုလုပ်ရမလဲ ဆိုရင်တော့ ( ဟုတ်သားဘဲ Model အစုံမှ Diagram မရှိတာ ) နည်းနည်းတော့ စိတ်ရှည်ဘို့ လိုတာပေါ့ဗျာ Supply မှာ ဗို့ ကို 1V လောက်ထားပြီး အနက်စကို Battery Socket ရဲ အနှုတ်မှာ ချိတ်ပြီး မီတာလက်တံ တစ်ချောင်းကို Supply အနီစတွင်ခဏ အစားထိုးပြီး ဆားကစ်ပြားပေါ်မှာရှိတဲ့ VPH-PWR ရောက်နှိုင်တဲ့ နေရာတွေကို အကြမ်းဖျင်းသိရင်တော့ အာ့နေရာလေးတွေ က Capacitor လေးတွေ ရဲ့ ထိပ်နှစ်ဘက်ကို အပြန်အလှန်လိုက်ထောက်ကြည့်ပါက ဗို့ လမ်းကြောင်းတွင်သုံးထားသော Filter Capacitor များဆိုလျှင် တစ်ဘက်သည် Ground ချပြီးတပ်ဆင်ထားသောကြောင့် ၄င်းဘက်နှင့်ထိမိပါက Amp တစ်မျိုးမျိုးပြသနေမှာဖြစ်ပြီး ကျန်တစ်ဘက်နှင့်ထောက်တိုင်းပါက ကောင်းမွန်နေသောလမ်းကြောင်း အခြေအနေမျိုးတွင် Amp လုံးဝ မပြပါ သို့သော် မိမိစမ်းသောပတ်လမ်းကြောင်းအတွင်းတွင် မိမိပေးသွင်းလိုက်သော V အခြေအနေနှင့် Loading ဆွဲနှိုင်သော အစုအဝေးတစ်ခုခု ရှိနေပါက အနည်းငယ်သော Amp ဆွဲနှိုင်သည်ကို သတိပြုရပါမယ် ။PMU မဖြုတ်ခင်အခြေအနေတွင် စမ်းသပ်ထားသော Amp နှင့် အနီးစပ်ဆုံး တူညီနေသော Amp ဆွဲနေသည့် Capacitor များတွေ ပြီဆိုပါက ထို Capacitor များ ထပ်ဆင်ထားသော လမ်းကြောင်း၏ တစ်နေရာရာတွင်ဖြစ်စေ တစ်နေထက် ပိုသောနေရာများတွင်ဖြစ်စေ ရှော့ကျနေပြီဟုဆုံးဖြတ်ပါတယ် ။။PMU မဖြုတ်ခင်အခြေအနေတွင် စမ်းသပ်ထားသော Amp နှင့် အနီးစပ်ဆုံး တူညီနေသော Amp ဆွဲနေသည့် Capacitor များမတွေ့ ပါ က PMU ၏အပြစ် သာ ဖြစ်နှိုင် ခြေ များပါသောကြောင့် PMU ကို ခဲလောင်း ပြီး ပြန်ထိုင်ကြည့် သင့်ပါတယ် မထူးခြားပါက အသစ်လဲ ကြည့်ပါ…… ဒုတိယပိုင်းမျှော်........
PDF အနေဖြင့်ရယူလိုပါက >>>

schematic LG G2, G Pro 2 G2 Mini G Pro Lite

schematic LG G2, G Pro 2 G2 Mini G Pro Lite

sơ đf mạch


LG Optimus L4 E440: Download

– LG Optimus L5 E612: Download

– LG Optimus L5 Dual: Download

– LG Optimus G E975: Download

– LG Optimus G Pro E988: Download

– LG Optimus Net P698: Download

– Lg Optimus L7 P705: Download

– LG Optimus L9 P768: Download

– LG Optmus P970: Download

– LG Optimus 2X P990: Download

– LG L70 Dual D325: Download

– LG G2 Mini D618: Download

– LG G2 Mini LTE D620: Download

– LG G Pro Lite D682: Download

– LG G Pro Lite Dual D686: Download

– LG G2 D802: Download

– LG G Pro 2 D838: Download

– LG G3 D855: Download

Credit MPPG

Miracle_Box Install – Firmware Backup and Restore – IMEI Repair

Miracle_Box Install – Firmware Backup and Restore – IMEI Repair

Miracle_Box   အသုံးပြူခြင်းအပိုင်း ၁
Miracle_Box Install လုပ်ပြီးတာနဲအောက်ကအတိုင်း သုံးလိုမရသေးပါဘူး
Box မှာပါတယ် About ကိုသွားပါ
Repair Firmware နှိပ်ပေးပါ အဆင်ပြေတာတွေရှိသလိုမပြေတာရှိပါသေးတယ်
အဆင်မပြေပါက
Registration ကိုသွား
Check/Update Dongle နှိပ်ပေးယုံပါဘဲ
တစ်ချို့ Boxတွေကြောင်ပြီးမရတဲ့အခါတွေရှိပါသေးတယ်အဲ့ကျရင်
Connect Button နှိပ်ပေးယုံပါဘဲ အဲ့တာဆို အားလုံးအဆင်ပြေပါပြီ
3
1
2

အဆင်ပြေသွားပြီဆိုရင်အခုပုံစံအတိုင်းဖြစ်နေမှာပါ
4

Box မှာပါတဲ့
ပာာလေးတွေရှင်းပြပေးပါ့မယ်
Untitled
Read info အကွက်ကိုတစ်ချက်နှိပ် Boot Select မှာ 6th New Auto (boot) ထားပါ
ဖုန်းကိုပါဝါပိတ် box က Start Button ကိုနှိပ်ပြီးမှ USB ထိုးပါ
အဲ့တာက ဖုန်းထဲမှာပါတဲ့
CPU – Version – Model – Brand တွေကြည့်တာပါ

1
နောက် Read ဆိုတာကတော့ MTK Firmware Backup ထုတ်တာပါ

အဲ့မှာသတိထားရမှာ ရှိပါတယ် ကိုက boot တစ်ခုတည်းထုတ်ချင်တာလား ဒါမှမပာုတ် Full Firmware ထုတ်ချင်တာလား
EMMC Data Bin Firmware ထုတ်ချင်တာလားပေါ့
2
Save Scatter File ကို အမှန်ခြစ်ခဲ့မယ်ဆိုရင် Full Firmware ထွက်ရှိမှာဖြစ်ပါတယ်
EMMC Data Bin ထုတ်မယ်ဆိုရင်တော့ Save Scatter File ကိုအမှန်မခြစ်ပါနဲ့
ထုတ်နည်းကတော့
ကိုယ့်ဖုန်းရဲ့ CPU ဘယ်လောက်မှန်းမသိဘူးဆိုရင် အရင်ဆုံး Boot Select မှာ 6th New Auto (boot) ထားပါ
ဖုန်းကိုပါဝါပိတ် box က Start Button ကိုနှိပ်ပြီးမှ USB ထိုးပါ
Boot တစ်ခုတည်းထုတ်ခြင်တယ်ဆိုရင်တော့ boot တစ်ခုတည်းအမှန်ခြစ် ပါ ကျန်တာအကုန်ဖြတ်ပြစ်ပေါ့
Full Firmware ထုတ်ချင်တယ်ဆိုရင်တော့အကုန်အမှန်ခြစ်ပါ
ပြီးရင်  SP FLashtool နဲ့လည်းရေးလိုရသလို Box နဲလည်းပြန်ရေးလို့ရပါတယ်
9

Box မှာပါတဲ့ Write က Firmware ထုတ်ပြီးသားရေးချင်တာဖြစ်ဖြစ် ရှိပြီးသားဖိုင်ရေးချင်တာဖြစ်ဖြစ်ရေးလိုရပါတယ်
Box မှာပါတဲ့ Write ကိုနှိပ် ပြီးရင် အောက်ဆုံးမှာ ကျွန်တော်ပြထားတဲ့ အကွက်ထဲမှာ
Firmware ထဲမှာပါတဲ့ Scatter File ကိုရွေး ပြီးရင် ဖုန်းကိုပါဝါပိတ် box က Start Button ကိုနှိပ်ပြီးမှ USB ထိုးပါ
Complete လိုတတ်ရင် Firmware ရေးခြင်းပြီးဆုံးပါပြီ
3
MTK ဖုန်းတွေ IMEI ပျောက်ခဲ့မယ်ဆိုရင် အရင်ဆုံး Box ကိုဖွင့်
Keyboard ကနေ
CRTL + M
ကိုတွဲနှိပ်ပါ

Untitled

IMEI အကွက်တွေမှာ ကိုအဆင်ပြေတဲ့နံပတ်တွေရိုက်
ဖုန်းကိုပါဝါပိတ် box က Start Button ကိုနှိပ်ပြီးမှ USB ထိုးပါ
Complete လိုတတ်ရင် IMEI ရေးခြင်းပြီးဆုံးပါပြီ

 Credit-MPPG

Sunday, February 28, 2016

Z3X Samsung Tool PRO V24.3 [ Cracked ]

Z3X Samsung Tool PRO V24.3 [ Cracked ]

Samsung ဖုန်းတွေကို-
Network Unlock လုပ်တာ
IMEI ပြင်တာ
Certificate ပြန်ရေးတာ
Pin/Password ဖြုတ်တာ
Firmware တင်တာ အစရှိသဖြင့် လုပ်လို့ ရတဲ့ Software Box ဖြစ်ပါတယ်။
ယခု Software ကတော့ Crack Version ဖြစ်တဲ့ အတွက် Box မလိုပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Box မပါပဲ Software အသုံးပြုလို့ရမယ့် Install ပြုလုပ်နည်းကိုတော့ အောက်ပါ Link မှာ ကြည့်ရှုနိုင်ပါတယ်။

ယခု Z3X Samsung Tool PRO ရဲ့ Crack ဖိုင်နဲ့ Setup ဖိုင် ၂ ခုလုံးကို MPPG Website မှ တိုက်ရိုက် Download ရယူနိုင်ပါတယ်။
Z3X_SamsungToolPro_V24.3_Crack
Credit -MPPG

Friday, February 26, 2016

Asus_Flash_Tool

Asus_Flash_Tool လေးပါဆောင်ထားကြပါ
Service သမားတို့
Link Password - GoogleSharing
http://sh.st/EAztP
GoogleSharing's photo.
Credit-http://googlesharing1.blogspot.com

Samsung တွေ IMEI - Nework Unlock လုပ်လို့ရတဲ့ Box Crack

Crack NCK Samsung LifeTime_Crack 100% Work.

Samsung တွေ IMEI - Nework Unlock လုပ်လို့ရတဲ့ Box Crack လေးပါ
Crack NCK Samsung LifeTime_Crack 100% Work.
My Loder full Working No HDW id.All Computer On My Loader And No Virus
မှုရင်းကျွန်တော်တို့မပာုတ်ပါဘူး သူများ Crack ပေးထားတာ
Link Password > GoogleSharing
Rar Password - Yahoo007
 
 
 

Thursday, February 25, 2016

Android Firmware Back Up ပြန်ဆွဲထုတ်နည်း

Android Firmware Back Up ပြန်ဆွဲထုတ်နည်း


1.အရေးကြီးတဲ့ အချက်အလက်လေးပါပဲ လူတိုင်းသိထားသင့်ပါတယ်
Androidတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ Firmwareကျတဲ့ပြဿနာပါပဲ Rootဖောက်ပြီးမြန်မာစာထည့်သွင်းတဲ့အခါမှ Fontချိန်းတဲ့ ဆော့ဝဲတွေကြောင့် Firmwareကျတက်တာကြောင့် မြန်မာစာတွေ မပြောင်းခင်ဖုန်းကိုBack upလုပ်ထားဖို့လိုပါတယ် Firmware back upလုပ်ပြီးပြန်သိမ်းထားရအောင် Romရှာရခက်တဲ့ဖုန်းတစ်လုံးကို ကလိတော့မယ်ွဆိုရင် အရင် သူ့ဖုန်းRomကို Back upဆွဲသိမ်းထားလို့ရပါတယ် အကယ်၍သူ့ဖုန်းက Logoကနေမတက်တော့ဘူးဆိုရင် Romရှာရခက်တဲ့ ဒုက္ခမတွေ့တော့ဘူးပေါ့ ကျနော်လို ဖုန်းတစ်လုံးကို အမြဲ ကလိတက်တဲ့သူတွေဆောင်ထားသင့်တဲ့ဆော့ဝဲပါ။
လိုအပ်တဲ့သူတွေ အောက်မှာDownloadရယူပါ။

 MTK Back up toolကို သည်မှာDownloadရယူရန်။
ဖုန်းတစ်လုံးကို Back up ဆွဲမထုတ်ခင် အရင်ဆုံးအရေးကြီးတာက Rom Back upဆွဲထုတ်မည့်ဖုန်းရဲ့ USB Driverကိုသွင်းထားရပါမယ် 
ဖုန်းကိုလဲRootedဖြစ်ထားရပါမယ် 
အားလုံး အဆင်သင်ဖြစ်ပြီဆိုရင် စောစောကDownထားတဲ့ Back up toolကိုဖွင့်လိုက်ပါ 
ပီးရင် စက်ရုပ်ပုံနဲ့ MTK droid toolsကိုဖွင့်လိုက်ပါ။
.ပြီးရင် မိမိဖုန်းကို Computerနဲ့ ချိပ်ဆက်ပေးလိုက်ပါ Computerကဖုန်းကို သိသွားပြီဆိုရင် အောက်နားက အပြာရောင်နဲ့ပြထားတဲ့နေရာမှာ မိမိဖုန်းModelပေါ်လာပါလိမ့်မယ် ချိပ်ဆက်မှုအောင်မြင်ပြီဆိုရင် rootback up recoveryနေရာကို နှိပ်ပါ။

ဒီပုံ အတိုင်းတက်လာပြီဆိုရင် Back upနေရာနှိပ်ပါ ပြီးရင် ခဏစောင့်နေပေးပါ။

အောက်မှာ အစိမ်းရောင် အတန်းနက်နေပါမယ် ခဏစောင့်နေပါ Copyin is completeစာတန်းတက်လာရင် Back upဆွဲလို့အောင်မြင်ပါပြီ
Packing Backup?မေးလာရင် Noပဲ ဆက်နှိပ်ပေးလိုက်ပါ ပြီးရင် ကိုယ်Backupလုပ်တာ သေချာလားသိချင်သေးရင် 
 ဒါဆို ဆွဲထုတ်ထားတာ သေချာလား မသေချာလားဆိုတာ To Prepare blocks for flashtoolsနေရာကိုနှိပ်ပါ။

ဒီပုံ အတိုင်း Md5 ဖိုင်နဲ့ထွက်နေပါ့မယ် 

ဒါဆိုFileကို ပြန်ခွဲထုတ်ဖို့အတွက်Openကိုနှိပ်ပေးပြီး ခဏလေးစောင့်ပေးပါ။
ပြီးရင် စောစောက Firmware Md5 file ထွက်ခဲ့တဲ့နေရှာကိုပြန်သွားကြည့်ပါ Fileနဲ့ ဒီလို Fileအသစ်ရောက်နေပါ့မယ် ဒါဆိုBackupလုပ်လို့ အောင်မြင်ပါပြီ။

နဂိုဖုန်း or တခြားဖုန်းအမျိုးစားတူ ဖုန်းထဲကို ပြန်Flashချင်ရင် SP Flashtoolsသုံးပြီး ပြန်Flashနိုင်ပါသည်။ဒါဆို RomရှာDownရတဲ့ ဒုက္ခမှ ကင်းဝေးပါပြီ။
Credit=ဟန်မိုးလွန်(အိမ်လွမ်းသူ)
အဆင်ပြေပါစေ။

Android Phone Google Verifying Accountဖြေရှင်းနည်း

Android Phone Google Verifying Accountဖြေရှင်းနည်း


 

Samsung ဖုန်းတွေနောက်ပိုင်းမှာ Pattern Lock တို့ဘာတို့ဖြည်ရင်းနဲ့ Activate လုပ်တဲ့အခါမှာ
Google account နဲ့ Verifying ပြန်လုပ်ခိုင်းလို့ account မမှတ်မိပဲ သုံးမရဖြစ်နေတဲ့အခြေအနေကို
ဖြည်နိုင်ရန် နည်းလမ်းကောင်းလေးတစ်ခုကို ပြောပြပေးလိုက်ပါတယ်။
ဒီနည်းလမ်းလေးကို ပြုလုပ်နိုင်ရန် လိုအပ်တာလေးတွေကတော့ OTG Stick နဲ့ Development setting.apk တို့ပဲဖြစ်ပါတယ်။

အရင်ဆုံးလိုအပ်တာလေးတွေကို စုလိုက်ရအောင်
OTG Stick ကတော့ဝယ်မှရပါမယ်။

နောက်တစ်ခုလိုအပ်တဲ့ apk လေးကို Download ရယူလိုက်ပါ။


                          DownloadHere.For SAMSUNG

                                    DownloadHere.For LG

                                   DownloadHere. For HTC

                                DownloadHere. For HUAWEI


အသုံးပြုနည်း
************
ဖုန်းကို Power ဖွင့်လိုက်ပါ။ Download ပြုလုပ်ထားတဲ့ Development setting.apk ကို Stick ဒါမှမပာုတ် SD cardအဆင်ပြေရာတစ်ခုခုထဲကို ထည့်လိုက်ပါ။

OTG Stick ထဲကို Development setting.apk ထည့်ထားတဲ့ Stick ကိုထိုးလိုက်ပါ။

OTG Stick ကို ဖုန်းနဲ့ connect လုပ်ပေးလိုက်ပါ။ Unknown Source on တဲ့နေရာလေးကိုရောက်သွားပါမယ်။


Unknown Source ကို on ပေးလိုက်ပါ။ ပြီးရင် apk ကို install လုပ်ပေးလိုက်ပါ။ ပြီးရင် Open ပေးလိုက်ပါ။ Developer setting
ပေါ်လာပါမယ်။ အဲဒီအချိန်မှာ Back up & Reset ထဲသွားပြီး Factory Data Reset ချပေးလိုက်ပါ။
အားလုံး Clear လုပ်ပြီးရင်တော့ Google Verifying အဆင့်ကိုကျော်ပြီး အဆင်ပြေပြေသုံးနိုင်ပါပြီ။


Credit  to WaiYan

အဆင်ပြေပါစေ။

Monday, February 22, 2016

Huawei Unlock Code တောင်းနည်း

Huawei Unlock Code တောင်းနည်း


အခုက Huawei C8813 & G510-0010 တို့ ကို Root လုပ်ပုံလုပ်နည်းလေး ကိုပြောသွားမှာဖြစ်ပါတယ်
ဒါပေမဲ့  တစ်ခြား huawei ရဲ့ Unlock Code တောင်ချင်ရင်လဲ ဒီတိုင်ပဲ  ပြုလုပ်ရမှာဖြစ်ပါတယ်....။

Unlock Code တောင်းဖို့ အောက်မှာပေးထားတဲ့လင့်တွေကသွားပါ……
Unlock Code တောင်းရန် တရုတ်ဆိုဒ်…. Unlock Code တောင်းရန် English ဆိုဒ်…
တချို့ကတရုတ်ဆိုဒ်ကတောင်းတာမြန်တယ်တဲ့တချို့ကြတော့တရုတ်စာတွေနဲ့မလုပ်တတ်လို့တဲ့
ဒါကြောင့်Code တောင်းဖို့နေရာလင့်နှစ်ခုပေးလိုက်တာ……တောင်းချင်တဲ့နေရာကတောင်း..
ဘယ်လိုတောင်းရမလဲအောက်မှာကြည့်နော်တောင်းတတ်တဲ့လူလဲတောင်းတတ်နေပြီ…
ကျွန်တော်ကတော့ကြည့်တဲ့လူတွေလွယ်အောင် English ဆိုဒ်ကနေပဲလုပ်ပြပါမယ်…
Licence aggrement ကိုအမှန်ခြစ်ပါ။Next နှိပ်ပါ။လိုတာလေးတွေဖြည့်ရပါမယ်။ Email လိပ်စာကိုအမှန်ထည့်ပါ။မိမိထည့်တဲ့မေးလ်လိပ်စာအတွင်းသို့ unlock code ပြန်ပို့မှာမို့လို့ပါ။ Smart phone ကိုရွေး ဖုန်းမော်ဒယ် ထည့်ပါ…အောက်ပုံတွင်ဆက်ကြည့်ပါ……
sdf
ဖြည့်စရာ S/N number,IMEI/MEID နဲ့ Product ID တွေကျန်ပါသေးတယ်။   S/Nnumber,
IMEI/MEID ကိုဖုန်း Battery ဖြုတ်လိုက်ရင်တွေ့နိုင်ပါတယ်…IMEI ကို ဖုန်းခေါ်သောနေရာတွင် *#06# ရိုက်ရင်လည်းတွေ့နိုင်သည်။  Product ID အတွက် ဖုန်းခေါ်ဆိုသာ Key pad မှ*#*#1357946#*#*
ရင်တွေ့ပါမယ်။လိုအပ်တာတွေဖြည့်ပြီးလျှင် Submit ခလုပ်လေးကို နှိပ်လိုက်ပါ။Email ထဲသို့Huawei မှ Unlock code ပြန်ပို့ပေးပါလိမ့်မယ်။ချက်ချင်းလဲပို့သလိုရက်အနည်းငယ်လဲကြာတတ်ပါတယ်။ Code ရပြီဆိုရင်တော့ စလို့ရပါပြီ…
လိုတဲ့ဟာလေးအရင်ဒေါင်းလိုက်ပါ….
One Key Tools ယူရန်……
 လိုတာတွေရပြီဆိုဆက်မယ်နော်….ဖုန်းက Usb Debug ကို ON ထားလိုက်ဦး…
USB Debug ON ဖို့ setting>>Developer Option >>Usb Debugging ပါ..အရေးကြီးတာကဖုန်းကိုကွန်ပြူတာကသိအောင် Driver သွင်းထားရပါမယ်……
scrn-510a18f4
ပြီးရင်ဖုန်းကိုပိတ်ပြီး စက္ကန့်အနည်းငယ်ထားပါ။ volume down နဲ့ power ခလုပ် ကိုတွဲနှိပ်ပြီး LOGO နေရင်ကွန်ပြူတာနဲ့ချိတ်ပါ ဒေါင်းပြီးဖြည်ထားတဲ့ One Key Tool  လေးကို Run လိုက်ပါပြီးရင်အပေါ်ဆုံးက Bootloader button လေးနှိပ်လိုက်ပါ…အောက်ပုံတွေအတိုင်းဆက်လုပ်ပါ…
scrn-510a101e
ဖုန်း Reboot ဖြစ်သွားပါမယ်…ဖုန်းလဲ Reboot မဖြစ်ရင် ADB Driver မရှိလို့ပါ….သေသေချာချာသွင်းပေးလိုက်ပါ…..ဖုန်း Reboot ပြန်တက်လာရင်အောက်ပုံအတိုင်း cache ရှင်းနေပါမယ်.
scrn-510a130c unlock လုပ်လို့ပြီးပါပြီ…(သတိထားရမည်မှာ Unlock မလုပ်ခင်အရေးကြီးတာတွေ Backup ယူထားပါ…wipe cache/data အလိုလိုလုပ်ရင်သွင်းထားသမျှဒေတာကုန်ပါတယ်) Unlock လုပ်ပြီးရင်တော့ CWM သွင်းပါမယ်….ဖုန်းကိုပိတ် volume down နဲ့ power ခလုပ် ကိုတွဲနှိပ်ပါ LOGO ရပ်နေရင်ကွန်ပြူတာနဲ့ချိတ်လိုက်ပါ…..One Key Tool မှသုံးခုမြောက် Button လေးနှိပ်ပေးလိုက်ပါ…ပုံ ၁ ကတိုင်းစာလာမယ်နှိပ်ပေးလိုက်ပါ…..သူဟာသူဆက်သွင်းပါမယ်…အောက်ကပုံအတိုင်းပြရင်အိုကေပါပြီ.CWM ထဲဝင်ဖို့ Vol up+ Power နှိပ်ဝင်ပါ….. scrn-510a148e အမြစ်တူးမယ် (root လုပ်မယ်) ….
တခုခုဖြစ်မှာစိုးရင်တော့ CWM ကနေ Backup ယူထားလိုက်နော်….
ဒါလေး
ဒေါင်းပြီး ဖုန်း SD Card ထဲထည့်ထား ဖုန်းကိုပိတ်လိုက်ပါ……ဖုန်းမှ vol up နဲ့ power ခဏတွဲနှိပ်ထားပါ….CWM Recovery ထဲရောက်ပါပြီ…အဲမှာ SD လို့ပါတဲ့ စာကြောင်းလေးထဲဝင်..
ခုနကထည့်ထားတဲ့ update zip ကိုရွေးပေး….ခဏစောင့် Complete ပြသွားရင်ဖုန်း…ကို Reboot ပေးလိုက်ပါ…Super User လေးရောက်နေတာတွေ့ရပါပြီ……
Root အတွက် Tool မှ Root Button နှိပ်ပြီး….Root လုပ်မယ် Procedure အတိုင်းလုပ်လို့ရပါသည်..သို့သော် Superuser က တရုတ် Superuser ပါ…
Credit -http://chitkaung.blogspot.com

Sunday, February 21, 2016

Regeneration Samsung Tar Creator (Samsung ဖုန်းများ အတွက် Odin မှ Flash သော tar.md5 Auto Create လုပ်ပေးသော Tool

Regeneration Samsung Tar Creator (Samsung ဖုန်းများ အတွက် Odin မှ Flash သော tar.md5 Auto Create လုပ်ပေးသော Tool)

ဒီ Tool ကို အသုံးပြုရန် မိမိ Computer အတွင်း .net Framework 4.5 အထိ ထည့်သွင်းထားပါ။
.net မရှိသေးသူများ ဒီမှာ Download ရယူပါ။
Tool ကို ဒီမှာ Download ရယူပါ။
Tool အသုံးပြုနည်းကတော့
Screenshot - 2_21_2016 , 1_44_50 PM
မိမိပြုလုပ်လိုသော ဖိုင်ကို ရွေးပေးပါ။ နာမည်တွေဘာတေပြောင်းနေစရာမလိုပါဘူး။
ပြီးရင် မိမိပြုလုပ်လိုသော ဖိုင်ရဲ့ Partition လေးကို ရွေးပေးလိုက်ရုံပါပဲ။
Screenshot - 2_21_2016 , 1_46_46 PM
အားလုံးပြီးရင် Create Tar ကိုရွေးပေးလိုက်ပါ။
အလုပ်လုပ်သွားပါလိမ့်။
Screenshot - 2_21_2016 , 1_48_34 PM
ပြီးသွားရင်တော့ Desktop ပေါ်မှာ မိမိရွေးချယ်လိုက်တဲ့ ဖိုင်နာမည်နဲ့ .tar.md5 လေးတွေ့ရမှာပါ။
Screenshot - 2_21_2016 , 1_48_52 PM

ဒီ ဖိုင်လေးးကို Odin ကနေ အဆင်ပြေပြေ Flash နိုင်ပါပြီ။

Special Thank – Han Zaw Oo
Developer By Phyo Chan (MMSD & Regeneration Mobile Service & Training Center)

Saturday, February 20, 2016

ဆရာ ရဲမင်းအောင် (Ray Electronic) ရဲ့ Mobile Hardware စာအုပ်လေးဖတ်လေ့လာချင်သူများအတွက်

ဆရာ ရဲမင်းအောင် (Ray Electronic) ရဲ့ Mobile Hardware စာအုပ်လေးဖတ်လေ့လာချင်သူများအတွက်


မင်္ဂလာပါ
Mobile Hardware ပိုင်းကိုလေ့လာချင်သောမိတ်ဆွေများအတွက်
 စာအုပ်ကောင်းလေးတစ်အုပ်ပါ။
 စာအုပ်ထဲ့မှာ Mobile Repair Tools တွေအကြောင်း
 Basic Electornics & SMD Compnents အကြောင်းတွေနဲ့
 Componets,Parts & Section in Mobile Phone, 
Mobile Phone Repairing Tips အကြောင်း များနှင့် 
Mobile Phone Hardware Trouble shooting အကြောင်းများကို
 လမ်းညွန့်ထားတဲ့စာအုပ်လေးပါ။
Download Here 
 OR

Download Here 
 OR

Download Here 
OR

 Download Here

 OR
OR

 လေ့လာချင်သောမိတ်ဆွေများ နည်းပညာတိုးတက်ပါစေဗျာ။
Credit http://myanmaritacademy.blogspot.com

{ IMEI Null FIxed } Huawei C8816

{ IMEI Null FIxed } Huawei C8816

Huawei C8816 ကို IMEI Null ဖြစ်လို့ မေးထားတဲ့အကို တစ်ယောက်အတွက်

တင်ပေးလိုက်ပါတယ်။ အလွယ်တကူ IMEI ပြန်ရစေရန် အောက်ကလင့်ကနေ

IMEI Null Fixed လေးကို Download ရယူလိုက်ပါ။

IMEI Null Fixed Tool

http://d-h.st/75N

Credit >>> Ko MgThu

ပြုလုပ်ပုံကတော့လွယ်ကူပါတယ်။ ဖုန်းကို အရင်ဆုံး Root လုပ်ထားပါ။ Root ရှိဖို့တော့လိုပါမယ်။

ပြီးရင်ဖုန်းကို USB Debugging တို့ Unknow Source တို့ on ပေးပြီး Down ထားတဲ့

IMEI Null Fixed Tool ကို ဖွင့်လိုက်ပါ။ ပြီးရင် Tool က လုပ်ခိုင်းတဲ့အတိုင်း လုပ်ပေးလိုက်ပါ။

Tool ကနေအလုပ်လုပ်ပေးပါလိမ့်မယ်။ ဖုန်းမှာ Reboot ကျပြီး ပါဝါပြန်တက်လာရင်

IMEI လေး ပြန်မြင်ရပါပြီ။

Mobile‬ မျိုးစုံအတွက် Firmware ရေးသားနည်း(ရဲမင်းအောင်-Ray-Electronic)

Mobile‬ မျိုးစုံအတွက် Firmware ရေးသားနည်း(ရဲမင်းအောင်-Ray-Electronic)

Android ချစ်သူများအတွက်ရော့ Service သမားတွေအတွက်ပါAndroid နဲ့ပတ်သက်ပြီးအလိုအပ်ဆုံးစာအုပ်ကောင်းတစ်အုပ်ကိုဒီစာအုပ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ဆရာရဲမင်းအောင် (Ray-Electronic) မှရေးသားခြင်းဖြစ်ပါတယ်
စာအုပ်အမည်.....Mobile မျိုးစုံအတွက် Firmware ရေးသားနည်း
စာရေးဆရာ.....ရဲမင်းအောင်(Ray-Electronic)
Size....11.89MB
 Download Here
Credit:  (စိုင်း လင်း ဇော်)

Remove pattern lock on any android phone Uni Android Tool V6

Remove pattern lock on any android phone Uni Android Tool V6

ဒေါင်းလော့လုပ်ရန်

 Credit -http://mppgmyanmar.com



[Image: uni-android-tool-v6.0.jpg]

Buck Convertor

Buck Convertor

Mobile Phone Power ပေးပိုင်းနှင့် Buck Coil အရေးပါပုံ

ဖုန်းပါဝါပိုင်းမှာ Battery ကနေ ဆားကစ်တစ်ပြားလုံးနေရာအနှံ့ DC Supply ဖြန့်ဝေဖို့အတွက် အသုံးပြုထားတဲ့စနစ် ၂ မျိုးရှိပါတယ် ။PWM သုံး SMPS စနစ်နဲ့ Linear Low DropOut စနစ်တို့ ဖြစ်ပါတယ်။PWMစနစ်က စွမ်းရည်ပိုကောင်းမွန်ပေမယ့်ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချဖို့အတွက် LDO စနစ်ကိုလည်းထည့်သွင်းအသုံးပြုရခြင်းဖြစ်ပါတယ်။ PWM စနစ်ကိုတော့ CPU , eMMC နဲ့ Logic Controller ပိုင်းတွေမှာ အသုံးပြုလေ့ရှိတာတွေ့ရမှာ ( ဒီထက်လည်းပိုမိုတာ ရှိနိုင်ပါတယ် တရားသေ မမှတ်စေလိုပါ )။ Power Output တစ်ခုဟာ SMPS နဲ့မောင်းထားတာလား Linear စနစ်နဲ့မောင်းထားတာလားဆိုတာ အမြင်နဲ့အကြမ်းဖျဉ်းဆုံးဖြတ်လို့ရပါတယ်။PWM စနစ်နဲ့မောင်း ထား တဲ့ Volt Output တွေမှာ Loading ပိုင်းတွေကတောင်းဆိုတဲ့ Current ကို အလျှဉ်မပြတ် အမျှင်မပြတ်ဆက်တိုက်ထုတ် ပေးနိုင်ဖို့ Flywheel ပတ်လမ်းတွေထည့်သွင်း တည်ဆောက်ထား တာတွေ့ရမှာပါ။ အများစုခေါ်ဆိုကြတဲ့ ချုပ်ကွိုင် သို့မဟုတ် Buck Coil ပါ/မပါကြည့်ပီး PWM စနစ်လား LDO စနစ်လားခွဲခြားလို့ရပါတယ် ။ ဒီနေရာမှာ Switching Mode Supply အကြောင်းနည်းနည်းပြောဖို့လိုလာပါပီ ။ အဝင် DC ကို ခလုပ်နဲ့အဖွင့်အပိတ်ပုံစံမျိုးထိန်းချုပ်ပီး အထွက်မှာ မိမိလိုအပ်တဲ့ ဗို့ထွက်ရှိလာအောင် မောင်းနှင်တဲ့စနစ်ကို SMPS လို့ခေါ်ပါတယ် ။ SMPS စနစ်ရဲ့အားနည်းချက်တစ်ခုမကရှိပါတယ်။ အဲ့ဒီထဲကကျနော်တို့နဲ့လတ်တလော သက်ဆိုင်တဲ့ ကိစ္စကိုပြောပါမယ် ။ CPU တွေ eMMC တွေဟာ လုံးဝ တစ်သတ်မတ်တည်းဖြစ်နေတဲ့ Voltage နဲ့ Current ရရှိမှ အလုပ်လုပ်ရတာတည်ငြိမ်ပါတယ်။ SMPS ပတ်လမ်းတွေက ထုတ်ပေးတဲ့ Current က Switching Transistor ရဲ့ OFF အခြေအနေမှာ ရုတ်တရက်ထိုးကျသွားပါတယ် ။ အဲ့ဒီအခြေအနေကိုထိန်းချုပ်ဖို့ Output မှာ Filter Condenser ခပ်ကြီးကြီး ထည့်သွင်း ပေးဖို့ လိုလာပါတယ် ။ ဒါတောင် မသေချာပါဘူး ။ မိုဘိုင်းဖုန်းတွေကို သေးနိုင်သမျှသေး ကျစ်နိုင်သမျှ ကျစ်လစ်အောင်တည်ဆောက်ဖို့ကြိုးစားလာချိန်မှာCondenser အလုံးကြီးကြီးထည့်ဖို့မဖြစ်နိုင်ပါဘူး ။ နောက်ပီး စနစ်ကိုလည်း အဲ့ပုံစံနဲ့ထိန်းချုပ်လို့မတည်ငြိမ်ပါဘူး ။ ဒီတော့ PM IC ထုတ်လုပ်တဲ့ Company တွေအနေနဲ့ Switching Transistor ရဲ့ OFF အခြေအနေမှာ CPU , eMMC တွေကို Current လုံလုံလောက်လောက် ပံ့ပိုးနိုင်ဖို့ Buck Convertor စနစ်ကို အသုံးပြုပြီးဖြေရှင်းကြပါတယ်။ Buck Convertor ပတ်လမ်းမှာ Flywheel Circuit ဖြစ်တဲ့ Diode တစ်လုံး Inductance Coil တစ်ခု နဲ့ Filter Condenser တစ်လုံးပဲ ပါဝင်ပါတယ် ။ အောက်ပါပုံကိုကြည့်ပါ ။
Flywheel
PMIC ရဲ့ ON အခြေအနေမှာ အိုင်စီက CPU , eMMC တို့ လိုအပ်တဲ့ Current ကို ထုတ်ပေးပါတယ် ။ တစ်ချိန်တည်းမှာပဲ Main Filter Condenser ကို အားသွင်းခြင်းလည်း ပြုလုပ်ပါတယ်။ နောက်ထပ်တစ်ပြိုင်နက်တည်းမှာ Current က Series ဆက်ထားတဲ့ Buck Coil ကို ဖြတ်စီးတဲ့အတွက် သံလိုက်စက်ကွင်းဖြစ်ပေါ်စေပါတယ်။
PMIC ON
PMIC ရဲ့ OFF အခြေအနေမှာတော့ PMIC ရဲ့အထွက်မှာ 0 V ဖြစ်သွားပါတယ်။ အဲ့ဒီအခြေအနေမှာ PMIC နဲ့ Load ကြားထဲမှာ series ခံထားတဲ့ Buck Coil မှာသိမ်းဆည်းထားတဲ့ Magnetic Energy ကို Electrical Energy အနေနဲ့ ပြန်ထုတ်လွှတ်ပေးပါတော့တယ်။ အဲ့ဒီအခြေအနေမှာပဲ Diode ကို ဖြတ်စီးပီး Ground ဘက်မှာ Negative Charge ကိုဖြစ်ပေါ်စေပါတယ်။
Buck Convertor PMIC OFF
ဒီနည်းအားဖြင့် Load အတွက် လိုအပ်တဲ့ Current ကိုဆက်လက်ပေးသွင်းခြင်းဖြင့် ပတ်လမ်းကို ဟန်မပျက်ဆက် လက်လည်ပတ်စေပါတယ်။
ဒီိလိုပုံစံပတ်လမ်းတွေကို PMIC အထွက်လမ်းကြောင်း နဲ့ DC-to-DC Convertor ပတ်လမ်း အချို့မှာ တွေ့ရှိနိုင်ပါတယ်။ ဒီတော့ အဲ့ဒီ ပါဝါအိုင်စီရဲ့အထွက်က Coil လေးတွေရဲ့အရေးပါပုံကို အနည်းငယ်မျှသိရှိပီလို့ ယူဆပါတယ် ။ Power IC အထွက်မှာ short ကျ / မကျ စစ်ဆေးပီးချိန်မှာ အဲ့ဒီကွိုင်လေးတွေကို သေချာစနစ်တကျ သူ့နေရာနဲ့သူ ပြန်တပ်ပေးဖို့ အထူးအရေးကြီးလှပါတယ် ။
 Credit -http://mppgmyanmar.com

Huawei Diagram Download [ update ]

Huawei Diagram Download [ update ]

华为G610-U00版位图 Layout
Y610-U00_产品电路图
P6-U06项目维修手册 V1.0
G700-U00 Layout G700-T00电路图
G700_原理图 G630-U00原理图
G615-U10(HS1G620M)_Symatic
G610-U00电路原理图-HD1G610M

Credit -http://mppgmyanmar.com

Huawei FET Charging [ ကိုစိုးမြတ်သူ ]

Huawei FET Charging [ ကိုစိုးမြတ်သူ ]


Huawei FET Charging
Q201 FET ဟာ P-Channel FET ဖြစ်တဲ့အတွက် အလုပ်လုပ်ဖို့ (Gate ပွင့်ဖို့) အတွက်
Gate Signal (Voltage) က 0V လိုအပ်ပါတယ် ဆိုလိုတာက FET အလုပ်မလုပ်ခင် Gate (G) ငုတ်မှာ ဗို့အားတခုခုရှိနေပြီး အဲဒီဗို့အားကို Ground (0V) ချလိုက်မှ Gate ပွင့်မှာ ဖြစ်ပါတယ်
Gate ပွင့်မှာသာ Drain (D) နဲ့ Source (S) ငုတ်နှစ်ငုတ် ပူးမိ (Short) ကျသွားမှာဖြစ်ပါတယ် Power မနိုးမီ Standby အခြေအနေကို ကြည့်ရင် Battery + ငုတ်ကလာတဲ့ VBat 3.7V (အပေါင်းဗို့) ဟာ FET ရဲ့ D ငုတ်ကို ပေးထားပါတယ် အဲဒီ D မှာရောက်နေတဲ့ အပေါင်းဗို့ဟာ FET ထဲမှာပါတဲ့ Diode ကို ဖြတ်စီးပီး S ငုတ်မှာ VPH_PWR အဖြစ် ပြန်ထွက်လာပါတယ်
Diode ရဲ့ ခုခံမှု (resistence) ကြောင့် (0.3V) ခန့် လျော့နဲပြီး S ငုတ်မှာ 3.4V ခန့် ရောက်လာပါတယ် အဲဒီအခြေအနေမှာ G ငုတ်မှာ ဗို့အားတခုခု (3.7V ခန့်) ရှိနေတာကြောင့်
FET Gate မပွင့်သေးပါဘူး D နဲ့ S လဲ မပူးသေးပါဘူး Power နှိုးလိုက်တဲ့အချိန်မှာ PMU ကနေ FET Gate ငုတ်ကို BAT_FET_N (Gate Signal 0V) ထုတ်ပေးလိုက်တော့
FET Gate ပွင့်ပြီး D နဲ့ S ပူးသွားပါတယ် အဲဒါကြောင့် D မှာ ရှိနေတဲ့ ဗို့အတိုင်း S မှာလဲ ရောက်သွားပါတယ် ဆိုလိုတာက VBat နဲ့ VPH_PWR လမ်းကြောင်းနှစ်ခု ဗို့အား အတူတူ ဖြစ်သွားကြပြီး PMU မှ သက်ဆိုင်ရာ လမ်းကြောင်းအသီးသီးကို ဗို့အား စတင် ထုတ်ပေးလိုက်ပါတယ် Power နှိုးထားပြီး Charging ခေါင်း ထိုးလိုက်တဲ့အချိန်မှာ သက်ဆိုင်ရာ BSI လမ်းကြောင်းတွေနဲ့ Battery မှာ အားသွင်းဖို့ လို/မလို စစ်ဆေးပါမယ် အားသွင်းဖို့ လိုရင် PMU မှ Gate Signal ဆက်လက်ထုတ်ပေးထားတဲ့အတွက် S မှာ ရှိနေတဲ့ VCHG လမ်းကြောင်းဟာ D ငုတ်က တဆင့် အားသွင်းပေးပါတယ် အားပြည့်ပြီဆိုရင်တော့ Gate Signal ပိတ်လိုက်တဲ့အခါ D နဲ့ S မပူးတော့လို့ အားသွင်းခြင်းဟာလဲ ရပ်ဆိုင်းသွားပါတယ် အဲဒါနေရာမှာ မေးစရာတခု ရှိလာတာက D နဲ့ S မပူးတော့ဘူးဆိုရင် PMU အတွက် VBat ဘယ်က ရသလဲဆိုတာပါ အဲဒီဗို့ကို Charging လမ်းကြောင်းကပဲ လျှော့ချယူထားပါတယ် အဲဒါကြောင့် တချို့ဖုန်းတွေမှာ Battery တပ်မထားလဲ Charging ကြိုးထိုးလိုက်ရင် Power နိုးနေနိုင်ပါတယ် အကြောင်းတခုခုကြောင့် FET (AC9 အပါအဝင်) ပျက်လာတဲ့အခါ D နဲ့ S ကို ကြိုးပူးပေးလိုက်ရင် Power နှိုးရာမှာ အရေးမကြီးပေမယ့် Charging သွင်းတဲ့အခါ အားအမြဲသွင်းနေမှာဖြစ်လို့ Battery ဖေါင်းလာပြီး ပျက်သွားတတ်ပါတယ်ခင်ဗျားးး
Author:ကိုစိုးမြတ်သူ

Friday, February 19, 2016

ရေဝင်ခြင်းကြောင့် ဖြစ်တတ်တဲ့ Huawei G610 U00 ဖုန်းအကြောင်း

ရေဝင်ခြင်းကြောင့် ဖြစ်တတ်တဲ့ Huawei G610 U00 ဖုန်းအကြောင်း

မင်္ဂလာရှိသော နှစ်သစ်အခါသမယမှာ ...
(အခြားသူများ မင်္ဂလာ ရှိမရှိတော့ မသိပါ
ဖုန်းဆားဗစ်ဆရာများတော့ သေချာပေါက် မင်္ဂလာ ရှိပါသည်
သင်္ကြန်မှာ ရေချိုးပေးထားတဲ့ဖုန်းတွေ ဝင်လာမစဲ ဖြစ်နေခြင်းကြောင့် )
ရေဝင်ခြင်းကြောင့် ဖြစ်တတ်တဲ့ Huawei G610 U00 ဖုန်းအကြောင်း
ပြောပြချင်ပါတယ် ... ကျွန်တော်လဲ G610 နဲ့ တော်တော်ကြီး ခေါင်းပူခဲ့ဖူးပါတယ်
ပါဝါဖွင့်လိုက်ရင် new:safe old:risk ဆိုတဲ့ စာလေးနှစ်ကြောင်းပဲ ပေါ်တဲ့အခါပေါ်လိုက်
ဖန်းဝဲ တက်လာပြန်ရင်လဲ ဘယ်ဘက်အောက်နားမှာ SAFE MODE ဆိုတဲ့
စာကြောင်းလေး ပေါ်တဲ့အခါ ပေါ်လိုက် ဖြစ်နေတတ်တဲ့ အကြောင်းလေးပါ
.............................................................................................
G610 U00 ကို မျက်လုံးတွေ ပြာနေတဲ့အထိ ကြိုးစားပြင်ခဲ့ဖူးပါတယ်
Vol down Error ထင်လို့ hardware ပိုင်းကို အသေးစိတ် လိုက်ခဲ့ဖူးပါတယ်
နောက်ဆုံးတော့လဲ flash tools firmware နဲ့ အဆင်ပြေခဲ့ပါတယ်
Dead နေတဲ့ ဖုန်းကိုတောင် flash tools firmware နဲ့ ပြန်တင်လို့ ရခဲ့တယ်ဗျ
Huawei Y511 U00 ကိုလဲ အဆင်ပြေခဲ့ဖူးတယ် .....
ဒီတခါလာတဲ့ G610 U00 ဖုန်းက ဖွင့်လိုက်ရင် new:safe old:risk ပဲ
ပေါ်နေပြီး ဖန်းဝဲ တက်မလာတော့ပါဘူး ...
flash tools firmwae တင်ဖို့လုပ်တော့ flash tool က မသိတော့ဘူးဗျ
dload နဲ့လဲ တင်လို့မရ recovery လဲ ဝင်လို့ မရတော့ဘူး ...
ဒါဆိုရင်တော့ hardware ပိုင်းစစ်မှ ဆိုပီး ဖြုတ်စစ်ပါတယ်
Supply ချိတ်ပြီး စမ်းကြည့်တော့ ...
power ငုတ်မှာ 3.58V , vol up ငုတ်မှာ 1.7V နဲ့ vol down မှာ 2.6V ရှိနေတယ်
ခဏနေ ပြန်တိုင်းတော့ ဗို့တွေ ပြောင်းနေပြန်ရော ပုံမှန် မပြဘူးဖြစ်နေတယ်
Digital မသေချာမှာစိုးလို့ Analog မီတာ ပြောင်းတိုင်းတယ် မမှန်ဘူးဖြစ်နေတယ် ...
ဒါဆိုရင် ဗို့အားပေးလမ်းကြောင်းမှာ တခုခု လွဲနေပြီပေါ့
အိုင်စီတလုံးလုံးက overload ဆွဲနေလို့ဖြစ်နိုင်မလား
ဗို့အားလမ်းကြောင်းက ဗို့အားတည်ငြိမ်အောင် ထိန်းပေးတဲ့ ကွန်ဒင်ဆာ (Condenser)
တွေများ ယိုစိမ့်မှု (ရှော့ဖြစ်တဲ့အဆင့် မရောက်သေး) ဖြစ်နေသလား
သတ်မှတ်ဗို့ တည်ငြိမ်အောင် ထိန်းပေးတဲ့ ဇီနာဒိုင်အုတ် (Zener Diode) ပွင့်နေသလား
(ဇီနာဒိုင်အုတ် ရှော့ဖြစ်ရင်တော့ လုံးဝ ရှော့ကျပြီး ပါဝါဆပ်ပလိုင်းက အော် နေပါလိမ့်မည်)
ဖြစ်နိုင်ခြေတွေ စဉ်းစားကြည့်ပါတယ် ...
..............................................................................................................
ဘက်ထရီငုတ်အရင်းနားက စပြီး ဒိုင်အုတ် ဇီနာဒိုင်အုတ် ရီစစ္စတာ ကွန်ဒင်ဆာ များကို
တလုံးချင်း ဖြုတ်တိုင်းကြည့်ပါတယ် ...
ပုံထဲမှာ ပြထားတဲ့ ဇီနာဒိုင်အုတ်တလုံးကလွဲရင် အားလုံး ကောင်းနေပါတယ်
ဇီနာဒိုင်အုတ်က ပွင့်(open) ဖြစ်နေပါတယ် ဇီနာဒိုင်အုတ်ကို ပုံစံတူ ပြန်ရှာတတ်ပြီး
ကျန်တာအားလုံးကိုလဲ ပြန်တတ် စမ်းကြည့်ပါတယ်
ပါဝါဆပ်ပလိုင်းချိတ်ပြီး power , vol up နဲ့ vol down လမ်းကြောင်းတွေမှာ
ဗို့တွေ တိုင်းကြည့်လိုက်တော့
power = 3.58V , vol up = 2.7V နဲ့ vol down = 3.27 ဖြစ်သွားပါတယ်
ခဏစောင့်ပြီး ပြန်တိုင်းတော့လဲ အဲဒီဗို့ ဝန်းကျင်လောက်ပါပဲ
ပါဝါနှိုးလိုက်တယ် ဗို့တွေ တိုင်းကြည့်တော့
power = 3.58V , vol up = 1.7V နဲ့ vol down = 1.7V ငြိမ်နေပါတယ်
ပါဝါဆပ်ပလိုင်းမှာလဲ ပုံမှန် Amp အတိုင်းတက်လာပြီး 0.6A အထိ တက်လာပါတယ်
ပစ္စည်းစုံ ပြန်တတ်ပြီး နှိုးစမ်းလိုက်တော့ ပုံမှန်အတိုင်းပဲ ပွင့်လာပါတော့တယ် ...
power , vol up , vol down ခလုတ်အားလုံး ပုံမှန် အတိုင်းပဲ အလုပ်လုပ်ပါတယ်
ဘက်ထရီကို ဖြုတ်လိုက် နှိုးလိုက် ပြန်ဖြုတ်လိုက် နှိုးလိုက် အကြိမ်ကြိမ်စမ်းကြည့်တယ်
ပုံမှန်အတိုင်းပဲ ပွင့်လာပါတယ် ... လုံးဝ ပြန်မဖေါက်တော့ပါဘူး .....
ပို သေချာအောင်လို့ flash tools firmware ပြန်တင်တော့ တင်လို့ ရသွားပါတယ် ...
...........................................................................................................
အဲဒီမှာ ဖြစ်နိုင်ခြေတခုကို တွေးမိတယ် ... ကျွန်တော့်အတွေးပါ
ဟုတ်ချင်မှလဲ ဟုတ်မှာပါ
အီလက်ထရွန်းနစ်ပစ္စည်းတွေဟာ ပါဝါစနှိုးလိုက်တဲ့အချိန်မှာ ဝန် (load) ဆွဲတတ်ပါတယ်
(ဥပမာ CRT TV တွေဆိုရင် ပိုသိသာပါတယ် မီးအားတချက် ဆောင့်ဆွဲတတ်ပါတယ်)
အဲဒီအချိန်မှာ Amp မတောင့်ရင် ဆက်မနိုးပဲ ပြုတ်ကျတတ်ပါတယ်
ဖုန်းထဲက ဗို့အားပေးလိုင်းမှာလဲ ဝန် စဆွဲတဲ့အချိန်မှာ တောင့်ခံနိုင်အောင်
ဇီနာဒိုင်အုတ်နဲ့ ထိန်းထားတယ် (ကျွန်တော် ထင်တာပါ)
အဲဒီ ဇီနာဒိုင်အုတ် ပွင့်နေပြီး အလုပ်မလုပ်နိုင်တော့ ဗို့အား မငြိမ်နိုင်တော့ပါဘူး
အဲဒါကြောင့် Key လမ်းကြောင်းတွေမှာ ဗို့မမှန်တော့ အလုပ်လုပ်ပုံ မမှန်ပဲ
ပွင့်ချင်သလို ပွင့်နေတယ်လို့ တွေးမိတာပါ .....
.............................................................................................................
Error တခုဖြစ်လာရင် Power IC , eMMC ဆိုပြီး အကြီးကြီးတွေ
သိပ်တွေးတတ်ကြတာကို တွေ့ရတတ်လို့ပါ
အားလုံးကို ဒီအတိုင်းဖြေရှင်းရင် ရနိုင်မယ်လို့ မပြောလိုပါဘူး
အခြေခံလေးတွေက စပြီး စဉ်းစားကြည့်စေချင်လို့ပါဗျ
ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး ............................
ဒီ solution အတွက် သဲလွန်စ ပေးခဲ့တဲ့ ဦးမောင်နိုင်ရဲ့ အဖွဲ့ထဲက
ကိုဂျလုံးဘလုံး နဲ့ ကိုညာဏ်ဝင်းထွန်းကိုလဲ ကျေးဇူးတင်ပါတယ်
တချို့ အကြောင်းအရာလေးတွေက အများသိအောင် ပြောဖို့ မသင့်ပေမယ့်
သင်္ကြန်ရေစိုဖုန်းတွေနဲ့ တိုင်ပတ်နေကြမယ့် အတွေ့အကြုံနဲသေးတဲ့
ညီငယ်များကို ရည်ရွယ်ပြီး ပြောပြခြင်းပါ စာအရှည်ကြီး ဖတ်ရလို့ ဆောရီးပါဗျ
မှားတာ လိုအပ်တာ ရှိရင်လဲ ဖြည့်စွက် ထောက်ပြကြပါဦးခင်ဗျာ .....
 Credit..by 
Ko Soe Myat Thu

Mobile Cell Phone and Their Function

Parts of a Mobile Cell Phone and Their Function (Big Parts)

Big Parts of a Mobile Cell Phone and Their Function:
  1. Antenna Switch: It is found in the Network Section of a mobile phone
    Cell Phone Antenna Switch
    Cell Phone Antenna Switch
    and is made up of metal and non-metal. In GSM sets it is found in white color and in CDMA sets it is found in golden metal.
    Work: It searches network and passes forward after tuning.
    Faults: If the Antenna Switch is faulty then there will be no network in the mobile phone.
  2. P.F.O: It is found near the Antenna Switch in the Network Section of the
    Cell Phone PFO
    Cell Phone PFO
    PCB of Mobile Phone. It is also called P.A (Power Amplifier) and Band Pass Filter.
    Work: It filters and amplifies network frequency and selects the home network.
    Faults: If the PFO is faulty then there will be no network in the mobile phone. If it gets short then the mobile phone will get dead.
  3. RF IC / Hagar / Network IC: This electronic component found near
    Cell Phone Network IC / RF IC
    Cell Phone Network IC / RF IC
    the PFO in the Network Section of a Mobile Phone. It is also called RF signal processor.
    Work: It works as transmitter and receiver of audio and radio waves according to the instruction from the CPU.
    Faults: If the RF IC is faulty then there will be problem with network in the mobile phone. Sometimes the mobile phone can even get dead.

     
  4. 26 MHz Crystal Oscillator: It is found near the PFO in the Network
    Mobile Phone 26 MHz Crystal Oscillator
    Mobile Phone 26 MHz Crystal Oscillator
    Section of a Mobile Phone. It is also called Network Crystal. It is made up of metal.
    Work: It creates frequency during outgoing calls.
    Faults: If this crystal is faulty then there will be no outgoing call and no network in the mobile phone.
  5. VCO: It is found near the Network IC in the Network Section of a Mobile
    Mobile Phone VCO
    Mobile Phone VCO
    Phone.
    Work: It sends time, date and voltage to the RF IC / Hager and the CPU. It also creates frequency after taking command from the CPU.
    Faults: If it is faulty then there will be no network in the mobile phone and it will display “Call End” or “Call Failed”.
  1. RX Filter: It is found in the Network Section of a Mobile Phone.
    Mobile Phone RX Filter
    Mobile Phone RX Filter
    Work: It filters frequency during incoming calls.
    Faults: If it is faulty then there will network problem during incoming calls.
  1. TX Filter: It is found in the Network Section of a Mobile Phone.
    Mobile Phone TX Filter
    Mobile Phone TX Filter
    Work: It filters frequency during outgoing calls.
    Faults: If it is faulty then there will network problem during outgoing calls.
  1. ROM: It is found in the Power Section of a Mobile Phone.
    Mobile Phone ROM
    Mobile Phone ROM
    Work: It loads current operating program in a Mobile Phone.
    Faults: If ROM is faulty then there will software problem in the mobile phone and the set will get dead.
  1. RAM: It is found in the Power Section of a Mobile Phone.
    Mobile Phone RAM
    Mobile Phone RAM
    Work: It sends and receives commands of the operating program in a mobile phone.
    Faults: If RAM is faulty then there will be software problem in the mobile phone and it will get frequently get hanged and the set can even get dead.
  1. Flash IC: It is found in the Power Section of a Mobile Phone. It is also
    Cell Phone Flash IC
    Cell Phone Flash IC
    called EEPROM IC, Memory IC, RAM IC and ROM IC.
    Work: Software of the mobile phone is installed in the Flash IC.
    Faults: If Flash IC is faulty then the mobile phone will not work properly and it can even get dead.
  1. Power IC: It is found in the Power Section of a Mobile Phone. There are
    Cell Phone Power IC
    Cell Phone Power IC
    many small components mainly capacitor around this IC. RTC is near the Power IC.
    Work: It takes power from the battery and supplies to all other parts of a mobile phone.
    Faults: If Power IC is faulty then the set will get dead.
  1. Charging IC: It is found in the Power Section near R22.
    Cell Phone Charging IC
    Cell Phone Charging IC
    Work: It takes current from the charger and charges the battery.
    Faults: If Charging IC is faulty then the set will not get charged. If the Charging IC is short then the set will get dead.
  1. RTC (Simple Silicon Crystal): It is Real Time Clock and is found in
    Mobile Phone RTC (Real Time Clock)
    Mobile Phone RTC (Real Time Clock)
    the Power Section near Power IC. It is made up of either metal or non-metal. It is of long shape.
    Work: It helps to run the date and time in a mobile phone.
    Faults: If RTC is faulty then there will be no date or time in the mobile phone and the set can even get dead.
  1. CPU: It is found in the Power Section. It is also called MAD IC, RAP IC
    Cell Phone CPU
    Cell Phone CPU
    and UPP. It is the largest IC on the PCB of a Mobile Phone and it looks different from all other ICs.
    Work: It controls all sections of a mobile phone.
    Faults: If CPU is faulty then the mobile phone will get dead.
  1. Logic IC / UI IC: It is found in any section of a mobile phone. It has 20
    Cell Phone Logic IC
    Cell Phone Logic IC
    pins or legs. It is also called UI IC and Interface IC.
    Work: It controls Ringer, Vibrator and LED of a mobile phone.
    Faults: If Logic IC / UI IC is faulty then Ringer, Vibrator and LED of mobile phone will nor work properly.
  1. Audio IC: It is found in Power Section of a mobile phone. It is also
    Cell Phone Audio IC
    Cell Phone Audio IC
    called Cobba IC and Melody IC.
    Work: It controls Speaker and Microphone of a mobile phone.
    Faults: If Audio IC is faulty then Speaker and Microphone of a mobile phone will not work and the set can even get dead.

    ref : www.mobilecellphonerepairing.com