Monday, February 8, 2016

Moto G Turbo Edition ဖုန်းကို bootloader unlock ပြုလုပ်နည်း

Moto G Turbo Edition ဖုန်းကို bootloader unlock ပြုလုပ်နည်း

Moto G Turbo Edition ဖုန်းကို bootloader unlock ပြုလုပ်နည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 
ဒီဖုန်းကို custom recovery များထည့်သွင်းအသုံးပြုချင်ရင်တော့
သင့်ဖုန်းကို  bootloader unlock ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။
How to Unlock Bootloader 
================
ကွန်ပျူတာတွင်လိုအပ်မယ့် ADB Fastboot Driver ကိုသေချအောင်ပြုလုပ်ပါ
ဖုန်းကိုပါဝါပိတ်ပြီး Volume Down နဲ့တွဲနှိပ်ထားလိုက်ပါ အချိန်အနည်းငယ်ကြာတာနဲ့
ကီးများကိုလွှတ်လိုက်ပါ ဖုန်းမှာ bootloader mode သို့ရောက်သွားပါလိမ့်မယ်။

ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပြီး ကွန်ပျူတာကဖုန်းကိုသိပြီဆိုတာနဲ့
zip ဖြည်ထားတဲ့ ADB Folder ထဲမှာ Shift key and right-click တစ်ချက်ထောက်ပြီး
 “open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

Command Box ပွင့်လာတဲ့အခါ အောက်ပါစာကြောင်းကို
မှန်အောင်ရိုက်ထည့်ပြီး Enter ကိုတစ်ချက်ခေါက်ပါ။

fastboot devices

Devices အချင်းချင်းသိပြီဆိုတာနဲ့ အောက်ပါစာကြောင်းကို
ရိုက်ထည့်ပြီး Enter ကိုခေါက်ပေးလိုက်ပါ

fastboot oem unlock

အချိန်အနည်းငယ်စောင့်ပေးလိုက်ပါ

တကယ်လို့ Bootloader unlock ပြုလုပ်တာအဆင်ပြေမပြေ
ကြည့်ချင်တယ်ဆိုရင်တော့ အောက်ပါစာကြောင်းကိုရိုက်ထည့် Enter ကိုထပ်ခေါက်ပါ

“fastboot reboot” 

ဖုန်းမှာ Recovery Mode သို့ရောက်ပြီး Recovery Mode တွင်
"Unlock" ဆိုပြီးပြနေခဲ့ရင်တော့ သင့်ဖုန်းမှာ Bootloader Unlock ဖြစ်နေပါပြီ
custom recovery များကိုထည့်သွင်းအသုံးပြုချင်တယ်ဆိုရင်တော့
ဖုန်းကို Root လုပ်ပေးပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

No comments:

Post a Comment