Wednesday, March 16, 2016

LENOVO ဖုန်း FIRMWARE တင်နည်း ( With Flash Tool )

LENOVO ဖုန်း FIRMWARE တင်နည်း ( With Flash Tool )  
မင်္ဂလာပါ  ကျွန်တော် သည်နည်းပညာဆောင်းပါးလေးမှာ Flash Tool နဲ့ Firmware တင်နည်းလေးကို ရေးသားသွားမှာဖြစ်ပါတယ်.. သည်နေရာမှာ ကျွန် နော် နမူနာအနေဖြင့်  Lenovoဖုန်းတလုံးကို ဖန်ဝဲလ်တင်ရင်း ပြသပေးသွားမှာဖြစ်ပါတယ်.. တခြားသော Flash Tool ဖြင့် တင်ရသော ဖုန်းတိုင်း နည်းလမ်းကတော့ အတူတူဘဲ ဖြစ်ပါတယ်.. ဒါကြောင့် သည်တနည်း တင်တတ်တာနဲ့ တခြားသော ဖုန်းများကိုလည်း တင်တတ်သွားပြီဖြစ်ပါတယ်.. တကယ်လို့ Samsaung ဖုန်းတွေဆို  Odin နဲ့တင်တာပေါ့။ Odin နဲ့တင်ရတဲ့ ဆမ်ဆောင်းဖုန်းကိုလည်း တင်နည်းရေးသားထားပါတယ်။ အသေးစိတ်အနေနဲ့ ပုံလေးတွေနဲ့တစ်ကွ ရှင်းပြသွားပါ့မယ်.။
  ပထမဆုံး မိမိတို့ ကွန်ပျူတာမှာ ဒေါင်းထားရမှာတွေကတော့ မိမိတို့ ဖုန်းနဲ့ကိုက်ညီတဲ့( 1 ) Firmware Rom  ( 2 ) Flash Tool  ( 3 ) USB Driver  စတဲ့ ဆော့ဝဲလ်တွေကို မိမိတို့ကွန်ပျူ တာမှာ ဒေါင်းယူပြီး အသင့်ဖြစ်နေရမှာဖြစ်ပါတယ်.. အားလုံးအသင့် ဖြစ်တာနဲ့..စတင်လို့ရပါပြီ...
ပထမအနေနဲ့ ဒေါင်းယူထားတဲ့  Flash Tool  နဲ့  Firmware တို့ရဲ့ Zip ဖိုင်တွေကို အရင်ဆုံးဖြည်ထားလိုက်ပါ... Flash Tool ဖိုင်ထဲမှာ အပြာရောင်နဲ့ Flash Tool ဆိုတာကိုကလစ်ပြီး ဖွင့်လိုက်ပါ.. အောက်က ဇယားတစ်ခုကျလာမှာဖြစ်ပါတယ်။
အပေါ်မှာ မျှားပြထားတဲ့အတိုင်း Seatter-Loading  ဆိုတာလေးကလစ်လိုက်ပါ..ဒါဆို ဇယားတခုကျလာမှာဖြစ်ပါတယ်... မိမိတို့ ဒေါင်းပြီး ဖြည်ထားတဲ့ Firmware ဖိုင်ရှိတဲကနေရာကိုသွားလိုက်ပါနော်...။
ရောက်တာနဲ့ ဖန်ဝဲလ် ဖိုင်လေးကို ကလစ်ပြီး  Flash Tool ထဲကိုထည့်ပေးလိုက်ပါ။
Flsah Tool  မှာ ကုဒ်များဝင်လာမှာဖြစ်ပါတယ်..  ဒါဆိုအာလုံအိုကေနေပါပြီ firmware တင်မဲ့ဖုန်းမှာ အရင်ဆုံ ဖုန်းကိုပိတ်ပြီ ဘတ်ထရီးဖြုတ်လိုက်ပါ ပြီရင်
usb ကြိုးထိုးပြီချိတ်ဆက်ပေးလိုက်ပါ ပြီးရင်ဘတ်ထရီ ပြန်ထည့်ပြီး ဒီအတိုင်းထားလိုက်ပါ ပါဝါဖွင့်စရာမလိုပါဘူးနော်....
ကွန်ပျူတာကဖုန်းကိုသိပြီဆိုရင် အပေါ်က downloand  နေရာမှာနှိပ်ပြီ ထားလိုက်ပါ ခဏနေအောက်နာမှာ
ရာခိုင်နှုန်တန်တက်လာပါမယ် ၁၀၀ ရာခိုင်နှုန်ပြည့်ပြီဆိုရင် ဖုန်းကိုဖြုတ်လိုက်ပြီ ဘက်ထရီပါထုတ်လိုက်ပြီခဏထားလိုက်ပါ။အောက်မှာ ဒေါင်းလော့တက်လာတဲ့ ပုံအဆင့်ဆင့်ကို ပြသထားပါတယ်..အဲ တိုင်းပြီးဆုံးတဲ့ထိ စောင့်ပေးဖို့လိုအပ်ပါတယ်..
ပြီးတော့မှ  ဖုန်းကို ဖြုတ်လိုက်ပါ..ဘက်ထရီ ကိုခဏ ဖြုတ်ထားပါ..ပြီးတော့ပြန်တပ် ပါဝါဖွင့်လိုက်ပေါ့။
အဆင်ပြေပါစေ....  ဘလော့ခရီးသည်

No comments:

Post a Comment